Zawgyi

1.6K 34 0
                                    

ဝမ်သခင်ကြီး၏ကားဟွန်းသံ တပွမ်ပွမ်ကိုကြားသည်နှင့် ရှောင်းကျန့်တစ်ယောက် အိမ်ပေါ်မှပြေးဆင်းလာသည်။ဖိနပ်တောင်မစီးဘဲ အုတ်ပူပူတွင် ဖျံလေးတစ်ကောင်အလားပြေးလွှားကာ သံတံခါးအကြီးကြီးကို ဆွဲဖွင့်သည်။ကားထဲမှခင်ပွန်းသည်၏မျက်နှာကို မြင်လိုက်ရသဖြင့် ရှောင်းကျန့်၏မျက်နှာလေး ချက်ချင်းလန်းလာသည်။

ကားသည် စင်အောက်သို့ ရပ်သွား၏။ခြံတံခါးပိတ်ပြီးပြန်လာသောရှောင်းကျန့်သည် ကားနံဘေးတွင်ရပ်နေသောဝမ်သခင်ကြီးကိုမြင်တဲ့အခါ မိမိကိုယ်ကို သုံးနှစ်အရွယ်ကလေးဟု အောက်မေ့နေသလားမသိ ခန္ဓာကိုယ်ပေါ်ခုန်တက်ပြေးဖက်သည်။ဝမ်သခင်ကြီးသည် သူ့ဇနီးရဲ့ခန္ဓာကိုယ်ကို တင်းကြပ်စွာ ပြန်ဖက်ထားပြီး လည်ပင်သားဖွေးဖွေးလေးတွေ၌ မျက်နှာအပ်ကာ အမွှေးခဲလုံးအား လုံးပါးပါးအောင် ရှုရှိုက်နေသည်။

" ယောက်ျား ဘာလို့အဲ့လောက်ပိန်သွားရတာလဲ "

ရှောင်းကျန့်စီမှဝမ်းနည်းသံသေးသေးလေးက ဗလုံးဗထွေးထွက်လာပေမဲ့ လူကတော့ ဝမ်ရိပေါ်ရဲ့ကိုယ်ပေါ်ကမဆင်း။ပခုံးပေါ်သို့ ခေါင်းကလေးပင်မှီလိုက်ပြီး ကလေးချော့သိပ်သလို ဖြစ်နေသည်။ဝမ်ရိပေါ်သည် ကလေးဆန်လွန်းသော သူ့ဇနီးလေးကိုကြည့်ပြီး ရင်ခွင်ထဲရှိခန္ဓာကိုယ်လုံးကို စိတ်တိုင်းကျဖျစ်ညှစ်ပစ်ချင်တော့သည်။

အချွဲလုံးလေးက ခရီးကပြန်လာတဲ့ယောက်ျားကို အမောပြေစေသည်။စိတ်ကျေနပ်မှုအများကြီးပေးသည်။ထို့ကြောင့် ဝမ်ရိပေါ်ပင် အဆင်မပြေခဲ့သောအလုပ်ကိစ္စပေါင်း တစ်သောင်းခြောက်ထောင်ကို မေ့ပျောက်သွားရသည်။

" ယောက်ျားကို သူတို့ကထမင်းကောင်းကောင်းချက်မကျွေးကြဘူးလား ဟင်...။မျက်နှာလေးချောင်ကျသွားတာပဲ "

ဝမ်ရိပေါ်ရဲ့မေးရိုးကိုတစ်ချက်ဖိနမ်းကာ အရိုးမပါတဲ့ကောင်လေးနှယ် ပုခုံးထက် ပြန်မှီနွဲ့နေ၏။မကြာမီ ပုခုံးထက် ပူပူနွေးနွေးမျက်ရည်ဥကလေးများ ကြွေကျလာတော့သည်။

ရှောင်းကျန့်က သူ့ယောက်ျားကို သိပ်ချစ်သည်။
သခင်လိုတစ်မျိုး၊ယောက်ျားလိုတစ်မျိုး၊ညီငယ်လိုတစ်မျိုး စသည်ဖြင့် အထိခိုက်မခံနိုင်အောင် ချစ်ရသည်။သူ့ဘဝတွင် ဝမ်ရိပေါ်တစ်ယောက်တည်းကိုသာ ကြည့်နေခဲ့ရသဖြင့် ဒီယောက်ျားကသာ သူ့ရဲ့အရာရာဟု သတ်မှတ်ထား၏။ဝမ်ရိပေါ်ခရီးတစ်ခါထွက်လို့ အစားအသောက်မကောင်း၍မျက်နှာလေးချောင်ကျလာတိုင်း ရှောင်းကျန့်ရင်ထဲ အသဲအူပြတ်မတက်ခံစားရသည်။

 Servant To Duchess (Complete)Where stories live. Discover now