Zawgyi

1.3K 29 0
                                    

' မြန်မြန်ပြေး ရှောင်းကျန့် '

' မြန်မြန်သွား '

စိတ်၏စေခိုင်းမှုသို့ ခန္ဓာကိုယ်က မလိုက်နိုင်ရှာ။လမ်းမပေါ်တွင် ကြိမ်ဖန်များစွာ လဲကျခဲ့သည်။ထူမဲ့သူဟူ၍လည်း မရှိပါ။မိမိကိုယ့်ကို ဇွတ်မာန်တင်း၍ လောဆော်ခြင်းကြောင့် ဖိနပ်မပါသော ခြေဖဝါးနုနုသည် ပေါက်ပြဲသွေးစို့နေ၏။

' မင်းမပြေးနိုင်ရင် သခင်လေးနဲ့ ဝေးရတော့မှာ '

အသရေတင့်သော မျက်နှာဝန်းပေါ်တွင် မျက်ရည်စက်များက ပိုးပိုးပေါက်ပေါက်ကျနေ၏။မည်မျှပြင်းသော နာကျင်မှုဖြစ်ပါစေ၊ခန္ဓာကိုယ်၏နာကျင်မှုသည် စိတ်၏သေဆုံးမှုကို မတွန်းလှန်နိုင်။

လဲကျသော်လည်း ခြေစောင့်လက်စောင့်ပြု၍
ထိုင်ငိုလို့မရ။ကိုယ့်တွင် အချိန်အဲ့သလောက်မရှိ။
မိမိ၏ဦးတည်ရာပန်းတိုင်သည် ရှေ့လက်တစ်ကမ်းတွင် စောင့်ကြိုနေသည်။ပြင်းပျသောစိတ်ဆန္ဒနဲ့အတူ ပင်ပန်းနွမ်းနယ်သောကိုယ်ကို တဖန်သယ်မ၍ အတင်းကုန်းရုန်းထချိန်တွင် အင်္ကျီအိတ်ကပ်ကလေးအတွင်း၌ ထည့်လာသော ယခင်စုဗူးထဲရှိ ငွေအကြွေပြားလေးများက တချွင်ချွင်လှုပ်ခတ်သွားသည်။

' ကျုပ်နဲ့ဆိပ်ကမ်းလိုက်ခဲ့ပါ။ကျုပ် မင်းကို သိပ်လွမ်းနေရမှာပဲ '

ကိုယ့်ကို လက်ပြနှုတ်ဆက်သူဖြစ်စေချင်၍ ကားပေါ်မတက်ခင်အချိန်ထိ ဆိပ်ကမ်းကို လိုက်ဖို့ ခေါ်သည်။သို့သော် သူသွားမည့်နေရာကိုဝောာ့ ယောင်လို့ပင် လိုက်ခဲ့ဖို့မပြော။လွမ်းနေမည်ဟု ပြောပါသည်။တကယ်ပင် လွမ်းရဲ့မလား ကိုယ်မသိ။

မျက်ကွယ်ရာတွင် ကိုယ်သည်သာ သောကဝေဒနာပေါင်းစုံနဲ့ပူလောင်ပြီး ကျန်ခဲ့ရသည်။ကိုယ်သည် အမှန်တကယ် မကျန်ခဲ့ချင်။မပိုင်ရ၊မဆိုင်ရရင်တောင် မျက်စိရှေ့ထားပြီး သူလိုအပ်တာမှန်သမျှ လုပ်ပေးချင်သည်။ပြုစုယုယ ကျိုးနွံချင်သည်။ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှောင်းကျန့်က ဝမ်သခင်လေးရဲ့အပါးတော်မြဲမှာ ခိုကပ်နေချင်ပါသည်။

ကားဘီးလေးစလှိမ့်သည့်အချိန်မှစ၍ ရှောင်းကျန့်မရပ်မနားငိုခဲ့သည်။ချစ်ရသူအား ဆုံးရှုံးလိုက်ရရသလို သတိလစ်မတက် ရှိုက်ကြီးတငင်ငိုခဲ့သည်။ပထမဆုံးခွဲခွာမှုတွင် အသားမကျနိုင်။ဖြစ်နိုင်ရင် ဝမ်သခင်လေးကို ခြေထောက်ကိုဆွဲပြီး သူ့ကိုပါ အတူခေါ်သွားဖို့နဲ့ ဝမ်သခင်လေးမရှိရာအရပ်ဒေသတွင် မထားရစ်ခဲ့ပါနဲ့ လို့ ပြောလိုက်ချင်သည်။

 Servant To Duchess (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ