15

4K 363 1
                                    

မိဘများ၏‌နာရေးအတွက် ဝမ်ရိပေါ် တရုတ်နိုင်ငံသို့ ပြန်ရောက်နေသည်။ရှောင်းကျန့်သည် ဘာမှမလုပ်တက်၊မကိုင်တက်။ဝမ်ရိပေါ်ကိုတွေ့လိုက်စဉ်က စိတ်အားငယ်စွာ ပြေးဖက်၍ ရှိုက်ကြီးတငင်ငိုသည်။ဝမ်ရိပေါ်သည် နေ့ချင်းညချင်း မိဘများကို ဆုံးရှုံးလိုက်ရသည့်အတွက် ဘယ်လိုမှဖြေမဆယ်နိုင် ဖြစ်ရသည်။ကိစ္စအဝဝပြီးသည်အထိ ထမင်းတစ်လုတ်တောင် ကောင်းကောင်းမစားရ။မိဘများအတွက် ပူဆွေးချိန်မရှိဘဲ စီစဉ်စရာရှိတာကို အမြန်စီစဉ်ပြီး မားတို့၏လူယုံရှစ်လော့(ရှစ်ခွမ်းဦးလေး)နဲ့ ဟိုက်တန်အရေးကိစ္စကို ‌ဖြေရှင်းရသည်။

စစ်ဆေးချက်များနဲ့ပြောစကားများအရ စက်ရုံများတွင် လောင်သည်က ရှို့မီး။လက်သည်မှာ ဖမ်း၍မရ။မိဘများသည်ပင် လမ်းခုလတ်တွင် အသတ်ခံရသည်။နိုင်ငံရေးပြသာနာအရှုပ်ထဲ ဘယ်သူကတော့ တရားခံပါဆိုပြီး လက်ညှိုးထိုးပြောလို့မရပေ။အရေးယူလို့မရ။အံတကြိတ်ကြိတ်ဖြင့်သာ ကြိတ်မခဲနိုင်ရှိလေသည်။

မီးထဲတွင် ပါသွားသော ပစ္စည်းများ၊စက်ကိရိယာများ၏တန်ဖိုးမှာ မသေးလှ။လူအသေအပျောက်လည်းများ၏။ကျန်ရစ်သူမိသားစုဝင်များကိုပါ လျော်ကြေးပေးလိုက်ရသောအခါ ဝမ်အိမ်တော်၏အောက်ခြေသည် ယိမ်းယိုင်သွားသည်။

" ပျားကလေး ဒီညကျုပ် အိမ်ပြန်နောက်ကျမယ်။ခြံဝင်းတံခါးပိတ်ပြီး အိပ်နှင့်ချည်။ကျုပ်ဟာကျုပ် ဖွင့်ဝင်လာခဲ့မယ် "

" စောင့်နေမယ်လေ။ထမင်း အပြင်က စားလာမှာလား "

" ဟုတ်တယ် ကျုပ် စစ်ဗိုလ်ရာဇူကီရဲ့ဒင်နာပွဲတက်ရမယ်။သွားရမှာလည်း ဒီကနေဆို တစ်နာရီလောက်မောင်းရမှာ နေရာကမြို့ပြင်ဘက်လောက်ကျတယ်။အိမ်က ထမင်းစားသွားပြီး ဟိုရောက်လို့ မဖြစ်မနေသောက်ရရင် အစာမကြေမှာဆိုးလို့။ပြီးတော့ မစောင့်နဲ့...ဘယ်လောက်ကြာမယ်မသိဘူး "

" ကားကို ဂရုစိုက်မောင်းနော် "

ဝမ်ရိပေါ်သည် ဝမ်အိမ်တော်၏ဆက်ဆံသူသခင်ကြီးအဖြစ် ကြေညာလိုက်ချိန်မှစ၍ စီးပွားရေးလောကတွင် သားရဲများကို ဖိတ်ခေါ်သလို ဖြစ်သွားသည်။သင်ပြလမ်းညွှန်ပေးမည့်မိဘများမရှိဝောာ့သဖြင့် ဝမ်အိမ်တော်၏အညွှန့်ကိုချိုးချင်သည့် မုဆိုးများသည် စီးပွားရေးလောကထဲခြေချကာစ ဝမ်ရိပေါ်ကို ပစ်မှတ်ထားနေကြသည်။အမြတ်ကြီးစား၊ခေါင်းပုံဖြတ်ချင်နေကြသည်။

 Servant To Duchess (Complete)Donde viven las historias. Descúbrelo ahora