ရှစ်ခွမ်းတစ်ယောက် မကြာသေးခင်က ပိတ်ရက်ရလို့ နယ်ကို တစ်ပတ်ဆယ်ရက်ပြန်လိုက်သေး၏။ဦးလေးဖြစ်သူသည် ဝမ်သခင်ကြီး၏မိဘများလက်ထက်ကတည်းက လူယုံဖြစ်ခဲ့တာကြောင့် ဝမ်အိမ်တော်၏အိမ်တွင်းရေးမှန်သမျှကို အူခါးချေးမကျန်နှောကြေအောင်သိသည်။
ရှစ်ခွမ်းတစ်ယောက် ဦးလေးစီမှပြန်ကြားလာရသော ဝမ်သခင်ကြီးနဲ့သူ့ရဲ့ပျားကလေး ဇာတ်လမ်းကို တအံ့ဩဩဖြစ်ရသည်။သူတို့၏အိမ်ထောင်ရေးက ယခုတွင် အရမ်းသာယာ၍ နေ့ရက်တိုင်းကိုကြည်နူးပျော်ရွှင်စွာဖြတ်သန်းနေသည်ကြောင့် အတိတ်တွင် ဆိုးရွားသောနေ့ရက်များ၊လူများ၏ဝေဖန်ကဲ့ရဲ့မှုများကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရသည်ဆိုတာကို ယုံနိုင်ဖွယ်မရှိ။
အသက်ဘေးမှလက်မလေးတင်လွတ်မြောက်လာသောသူများ ဟု ဆိုတော့လည်း ရှစ်ခွမ်း စွံ့အရပြန်သည်။စီးပွားရေးတွင် ရှစ်ခွမ်း စံနမူထား၍အတုယူလေးစားရသည့်ဝမ်သခင်ကြီးသည် တစ်ချိန်တစ်ခါက မုဆိုးများ၏ သားကောင်ဖြစ်ခဲ့ဖူးသည်။
ဝမ်သခင်ကြီးက နောက်ကွယ်တွင် ခြေရှုပ်ချင်လို့ ဆရာကတော်ကို အိမ်ထဲမှာ လူမသိသူမသိဖုံးကွယ်ဖွက်ထားတာ လို့ ရှစ်ခွမ်းဉာဏ်ရည်နည်းပါးစွာတွေးခဲ့သော အတွေးများက ဆားမပါသော ဟင်းတစ်ခွက်နှယ် ပေါ့ပျက်ပျက်နိုင်လှသည်ကိုတွေးမိပြီး ရှက်ရပြန်ပါသည်။တကယ်ဆို သူတို့နှစ်ယောက်၏မေတ္တာသည် အသက်ပေးဝံ့ကြသည်အထိ....
" ရှစ်ခွမ်း ဒီညပွဲအတွက်ဝတ်စရာရှိသလား "
" သခင်ကြီးအရင်နေ့ကဝယ်ပေးတဲ့... "
" ဝတ်ပြီးသားဆိုထပ်မဝတ်ပါနဲ့ အသစ်တစ်စုံသွားဝယ်ချည်။ရှန်ကုံးလမ်းထဲက အပ်ချုပ်ဆိုင်က နာမည်ကြီးနေတယ်ကြားတယ်။မင်းဆရာကတော်ကိုပါ ခေါ်ပြီး အတူသွားဝယ် "
ရှစ်ခွမ်းတစ်ယောက် မိမိနားကိုပင် မယုံနိုင်ဖြစ်သွားရသည်။
" သခင်ကြီး! "
" ဘာတုန်း.."
" ဆရာကဝောာ်ကို သခင်ကြီးမပါဘဲ အိမ်အပြင်ထွက်ခွင့်ပေးလိုက်ပြီလား...မဟုတ်ဘူး။ဒီညပွဲမှာ ဆရာကဝောာ်ကို ပွဲထုတ်မလို့လားခဗျ "