18

4.8K 423 3
                                    

ပါတီပွဲသည် ရွှမ်အိမ်တော်နဲ့ကျင်းအိမ်တော်ပေါင်းစည်းသည့်ပွဲဖြစ်သည်။ရွှမ်းမိန်းကလေးနဲ့ကျင်းသခင်လေးတို့ရဲ့ဒင်နာပွဲလည်းဖြစ်၏။ပွဲက သင်္ဘောကြီးပေါ်တွင်ကျင်းပကြီးပြီး ဖိတ်စာပြမှဝင်ခွင့်ရသည်။ထိုခေတ်အခါက သင်္ဘောပွဲတွင် ပွဲကျင်းပသည်ဟူက ခပ်ရှားရှား။စရိတ်စကများသလို ထိတ်ထိတ်ကြဲတွေသာ တက်နိုင်၏။တစ်ချို့သတင်းတိုက်တွေပင် ထိုနေရာသို့လက်လှမ်းမမှီ။ထို့ကြောင့် ပွဲတွင် ခါတိုင်းလို သတင်းထောက်များအုံခဲမနေဘဲ ကင်မရာစလွယ်သိုင်းထားသော သတင်းထောက်တစ်ယောက်စနှစ်ယောက်စသာ‌တွေ့ရ၏။

ရွှမ်မိန်းကလေး သူ့စီက‌ပြန်သွားတဲ့နေ့မှာတင် ဝမ်ရိပေါ်သည် သတင်းတိုက်ကို ဆက်သွယ်၍ ရွှမ်မိန်းကလေးနဲ့သူဟာ ရိုးသားတဲ့မိတ်ဆွေတွေပါဟု အကြောင်းကြားထုတ်ပြန်ခဲ့သည်။ဤသည်မှာ ရွှမ်အဖိုးကြီးအား သတင်းစာထဲထည့်၍ လူသိရှင်ကြားအရှက်ခွဲလိုက်သလိုပင်။နောက်တစ်နေ့မကြာ ရွှမ်အိမ်တော်ကအဖိုးကြီးသည် သူ့သမီးနဲ့ကျင်းသခင်‌လေးရဲ့မင်္ဂလာပွဲကို အခမ်းနားဆုံးကျင်းပမည်ဟု ကြွေးကြော်လာတာကြောင့် လူထုအကြားရိုက်ခတ်မှုပြင်းခဲ့သည်။

" ကျုပ်ဇနီးသိပ်လှတာပဲ။ဒီအတိုင်းဆို ကျုပ်ဘယ်လိုစိတ်ချထားရမလဲမသိဘူး "

ဝမ်သခင်ကြီးသည် သူ့ဇနီးရဲ့လက်ကလေးကို ကိုင်၍ နူးညံ့ချိုသာ‌စွာ ပြောသည်။ရှောင်းကျန့်မှာ ပိုကိုပိုတယ် ဟူသောမျက်နှာထားဖြင့် နှာခေါင်းလေးရှုံ့လိုက်၏။ထိုအမူအရာလေးကိုပင် ဝမ်သခင်ကြီးမှာ အသဲတယားယားနဲ့ချစ်မဝဖြစ်နေသည်။

ဆိပ်ကမ်းတွင် သတင်းတိုက်မှသတင်းထောက်များသိပ်မတွေ့ရ။ဝမ်ရိပေါ်တို့လာတဲ့အချိန်က ပွဲစချိန်ထပ် နောက်ကျနေသည်။ဒါကလည်း သူ့ပျားကလေးရဲ့လှမဆုံးနိုင် ပြင်နေဆင်နေလို့ရလို့ပင်။နဂိုချောယဉ်ပါသည်ဆိုကာမှ ယခုမူ နှိုင်းရက်စရာပင်မရှိ။အာခံတွင်းထည့်သာ ငုံထားလိုက်ချင်ဝောာ့သည်။

ဒီနေ့မှ ပျားကလေးက ဘာဓာတ်ပေါက်နေသလဲမသိ  ' ‌ဒီကလှပြီး သခင်ကြီးကရုပ်ဆိုးနေရင် မဖြစ်သေးပါဘူးလေ ' ဆိုပြီးသူတင်မက ဝမ်ရိပေါ်ကိုပါ နို့ရည်ပါးပါးလေးနဲ့ ကင်းပက်ပေါင်ဒါဖို့ပေးသေးလို့ လူမှာ မနေတက်မထိုင်တက်ဖြစ်ရသေး၏။

 Servant To Duchess (Complete)Where stories live. Discover now