5

4.4K 421 0
                                    

ဝမ်အိမ်တော်သည် လူချမ်းသာရပ်ကွက်ဟုခေါ်သော ဖန်းရိန် လမ်းမကြီးတွင်တည်ရှိသည်။ဤလမ်းမကြီးသည် သာမာန်လူတန်းစား‌၊ဈေးသည်များ ဖြတ်သန်း၍မရ။ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ကာ တစ်ခြံနဲ့တစ်ခြံပေပေါင်းများစွာ ကျယ်ဝန်းသည်။ထို့ကြောင့် ဝမ်သခင်ကြီးက သူ့ပျားကလေးအား ကောင်းမွန်စွာ သိမ်းထားနိုင်ခြင်းပင်။

ယခုတွင် ငြိမ်းချမ်းသောဖန်းရိန်လမ်းတစ်လျှောက် ခေါင်းလောင်းသံတချွင်ချွင် အဆက်မပြတ်မြည်နေ‌သည်မှာ နားကန့်လန့်၊အကျည်းတန်းလှ၏။

" အို! သူများအိမ်ကို ဘာလို့ခေါင်းလောင်းအရမ်းတီးနေတာလဲ "

ရှောင်းကျန့်တစ်ယောက် အိပ်ယာခင်းများကို လျှော်ဖွတ်နေရာမှ အဆောတလျင် ထွက်လာရသဖြင့် သူ့အဝတ်အစားများတွင် ရေကွက်များက ဟိုတစ်ကွက်သည်တစ်ကွက် ရှိနေသည်။ပုံစံလေးမှာ နွမ်းချာနေသဖြင့် အနှီးမိန်းကလေးက ရှောင်းကျန့်အားမြင်သည်နှင့် နှာခေါင်းရှုံ့သည်။

" တို့ ဝမ်သခင်ကြီးကိုလာတွေ့တာ "

" ဪ!သခင်ကြီးကိုလား။သခင်ကြီးက အလုပ်ကိစ္စနဲ့ နယ်ဘက် ခရီးထွက်သွားတယ်။အခုအိမ်မှာမရှိဘူး "

" လူကို လာလိမ်မနေနဲ့!တို့ သူ့ရုံးကိုလည်းရောက်ခဲ့ပြီးပြီ။ရုံးကလူတွေက အိမ်ကိုသွားဖို့ညွှန်းတယ်
။အခုအိမ်ကအစေခံကျပြန်တော့လည်း ခရီးထွက်သွားတယ်တဲ့။ကဲ ဘယ်စကားကအမှန်လဲ။တို့ကို သူမတွေ့ချင်လို့..."

အိမ်ကအစေခံ ဟူသော စကားသည် ရှောင်းကျန့်နားစည်သို့ အထင်သေးခံရခြင်းများစွာဖြင့် ဝင်ရောက်လာသည်။

" ကျွန်တော်...အစေခံမဟုတ်ပါဘူး "

ရှောင်းကျန့်၏အသံလေးသည် တိုးဝင်သွားသည်။ဝမ်းနည်းသွားသည်ထင်၏။မျက်တောင်
လေးများက စိုစွတ်‌လာသောမျက်ရည်အိုင်များကို တားဆီရန်အလို့ငှာ အထက်အောက်မှန်မှန်ပုတ်ခတ်နေကြသည်။ရှောင်းကျန့်စိတ်ဟာ ဘယ်လောက်ပဲပျော့ပျောင်းနေပါစေ မိန်းကလေးတစ်ယောက်ရှေ့တွင် မျက်ရည်မကျချင်။သူ့တွင်လည်း ယောက်ျားမာနရှိသေး၏။

 Servant To Duchess (Complete)Where stories live. Discover now