1

11.8K 536 5
                                    

1890ခုနှစ်...

အနက်ရောင်ဝောာက်တောက် ‌မော်တော်ကားတစ်စီးသည် ခပ်ဖြည်းဖြည်းမောင်းနှင်လာ၏။စီးယာဉ်တွင် လိုက်ပါလာသည့် သူများမှာ နှစ်ဦးတည်းသာရှိသည်။လေထုမှာ အေးခဲနေပြီး တိတ်တဆိတ်နိုင်လှသည်။

ဈေးတစ်နေရာအရောက် ကျွီကနဲဟူသော ဘရိတ်အုပ်သံ ခပ်းပါးပါးကို ကြားရပြီး မောင်းနှင်သူကောင်ကလေးက ဈေးတန်းရှိများပြားလှသော လူအုပ်ကို တစ်ချက်ကြည့်၍ တွေဝေသွားရသည်။

ဒီလူအုပ်နဲ့ဆိုရင် ကားကရှေ့ဆက်သွားလို့ ရမည်ဟုတ်။သူ့၏သခင်ကြီးသည်လည်း လမ်းဆင်းလျှောက်မည့် လူမျိုးမဟုတ်သည်ကို သိတာကြောင့် ပြောရခက်နေခြင်းပင်။သို့သော် သူ၏နှုတ်သည် အာစေးမိထားသလို မည်သည့်စကားကိုမျှ မပြောထွက်။

စက်အင်ဂျင်သံ တဒူဒူဖြင့် ကားရပ်နေသည်မှာ မိနစ်အတော်အတန်ကြာပြီးနောက် ဈေးတန်းထဲရှိလူများ၏အာရုံစိုက် စူးစမ်းလိုမှုများသည် ကားရှေ့ခန်းရှိ သပ်ရပ်စွာဝတ်ဆင်ထားပြီး ဦးခေါင်းတွင် အနက်ရောင်ဦးထုပ်ဖြင့် ဖျက်လတ်သောလူငယ်လေးမှစ၍ ကားနောက်ခန်းရှိ သတင်းစာတစ်စောင်အား ဟန်ပါပါဖတ်နေသည့် ယောက်ျားတစ်ဦးတည်းထံတွင်သာ အဆုံးသတ်သည်။

" သခင်ကြီးခဗျ "

သတ္တိအရဲစွန့်၊အသက်ကိုဖက်နဲ့ထုပ်၍ ခေါ်လိုက်သည်။တုန့်ပြန်မှုသည်ကား ဗလာနတ္တိ။သတင်းစာပင် အဖတ်မပျက်။သူ၏အသံ တိုးသွားလို့ ဖြစ်မည်ဟု ထင်လိုက်သောကြောင့် နောက်တစ်ကြိမ်ပြောဖို့ ဟန်ပြင်လိုက်ကာမှ ကိုယ့်ရှေ့တွင် တည်လွန်းသောမျက်နှာထားနဲ့အတူ စူးစိုက်ကြည့်နေသာ မျက်ဝန်းတစ်စုံအား ရင်ဆိုင်လိုက် ရသည်။ရင်ဘတ်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည့်အလား နှလုံးခုန်သံများက သံစုံတီးဝိုင်းတစ်ခုနှယ် လှုပ်ခုန်သွားသည်။အသံအိုးမှလေသည် အပြင်ကို ထွက်မလာတော့ပေ။

" ပြောစရာရှိသလား "

ထွက်သမျှစကားတိုင်းသည် အပိုအလိုမရှိ ကွက်တိဖြစ်နေတက်သည်။စကားပြောနေရခြင်းကို မနှစ်ခြိုက်။မိမိ၏ဂုဏ်အင် ကြွားဝါနေရခြင်း၊အရသာခံပြောနေရခြင်းကို သခင်ကြီးကမနှစ်မြို့။ထို့အစား အလုပ်ဖြင့်သာ သက်သေပြလိုက်မည်။မိမိဘဝတွင် မိမိကိုယ်တိုင်သာ ကိုးကွယ်ရာဖြစ်သည်ဟု ခံယူထားသော သခင်ကြီး၏စိတ်မှာ ရိုးရှင်းလှသည်။

 Servant To Duchess (Complete)Dove le storie prendono vita. Scoprilo ora