ကျေးဇူးတင်လွှာ

90 12 4
                                    

ကျေးဇူးတင်လွှာကို ကျွန်တော်မနေ့ကတည်းက ဆက်ရေးဖို့တွေးခဲ့ပင်မဲ့ ညလုံးပေါက်အိပ်မရပဲ မနက်လေးနာရီကျော်မှ အိပ်ပျော်သ‌ွားလို့ တော်တော် နှုံးနေလို့ပါ။ (တရားစခန်းကထွက်လာပြီး သတင်းတွေကြောင့်ဂယောက်ဂယက်ဖြစ်နေတာ🤧)

🌟 ပြောရရင် ဒီဟာလေးကို ရေးတာ တမျိုးပဲရှိပါတယ်။ နောင်တမရဖို့နဲ့ ဘယ်လိုပြောရမလဲ သေချာစဉ်းစားလွန်းနေတာလဲ မကောင်းဘူးပြောချင်လို့ပါ။

ကျွန်တော်တို့ရဲ့ဘဝတွေမှာ ရွေးချယ်မှုတွေဟာ အများသားပါပဲ။ ဒီလိုရွေးတဲ့အခါလဲ အင်အားရယ် သတ္တိရယ် ဦးနှောက်နဲ့ယှဉ်ရွေးကြရတာပါပဲ။

ဒါပင်မဲ့ နှလုံးသားရေးရာရောက်လာရင်တော့ က‌ျွန်တော်တို့အဓိက အာရုံပေးရမှာက ကိုယ်ချစ်တဲ့သူကိုပါပဲ။

သူသာခေါင်းငြိမ့်၊ စိတ်ပါမယ်ဆိုရင် အပေါ်ကအရာတွေနဲ့ယှဉ်ပြီး အကောင်းဆုံးကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ သူသာသဘောမပါခဲ့ရင်တော့ နွေဦးကိုချစ်တဲ့သူလုပ်တဲ့ လုပ်ရပ်လိုပဲ ထွေးပိုက်ထားတာဖြစ်ဖြစ် မေ့ပစ်လိုက်တာဖြစ်ဖြစ် ရွေးရပါလိမ့်မယ်။

အခုတော့ ကျွန်တော့်ဇာတ်ကောင်ဟာ ခရီးဆက်ထွက်ပြီး ငှက်တစ်ကောင်လိုပဲ ဆက်ဝဲနေမှာပါ။ -ငှက်- သီချင်းလိုပဲ နွေဦးနဲ့သူရဲ့အခြေနေဟာ ထပ်တူကျနေပါလိမ့်မယ်။

ဒါပါပဲ။ ဇာတ်လမ်းတိုဆိုပင်မဲ့ သေချာတွေးပြီး အေးဆေးလေးဖတ်ပါ။

တစ်ခုပြောပြရရင်နွေဦးလေးက အင်ဂျင်နီယာလုပ်တာဟာ တစ်ခါက ဖေးဆစ်ယူနစ်တွေရှင်းပြတဲ့ ကောင်မလေးကြောင့်ဖြစ်နေလို့ပါပဲ။

ဒီလိုပဲ အေးဆေးလေးဖတ်ပြီး စီးမြောနိုင်ပါစေဗျာ။

တော်လှန်ရင်း နှစ်သစ်မှာ ဘေးရန်ကင်းပြီးကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။

စာဖတ်သူများကို ကျေးဇူးတင်ပါတယ်ခင်ဗ‌ျာနွေဦးနဲ့ သူ့ကိုဘယ်လိုထင်လဲဖြေပေးသွားပါအုံး❤️

Beyond the Stars Where stories live. Discover now