(အပိုင်း-၄)

133 15 2
                                    

-စကားပြောခြင်း-

ငါနဲ့သူနဲ့အဖွဲ့အတူကျတဲ့နောက် ငါ့ရဲ့ခေါင်းထဲမှာ အချက်ပြနေတာက အစည်းအဝေးခဏခဏခေါ်ဖို့ပါပဲ။

ငါ့ရဲ့အသင်းသားတွေကိုအားနာပင်မဲ့ ယုန်မလေးကို သတိရလို့ နားရက်တွေပါ မကျန် လေပေါဖို့သပ်သပ်နဲ့ အစည်းအဝေးတွေဇွတ်ခေါ်ခဲ့တယ်။

ငါ့ရဲ့ယုန်မလေးဟာ အိမ်မှာဆိုရင်လည်း တည်ငြိမ်တယ်။ ချစ်စရာကောင်းလောက်အောင် လည်ပင်းအတိအကျီတွေနဲ့ ငါသဘောမကျတဲ့ အစင်းကြောင်းအကျီတွေကိုဝတ်ထားတတ်တယ်။ ခေါင်းကိုလဲသေချာဖြီးထားပြီး စိတ်မပါတဲ့ရုပ်နဲ့ငုတ်တုတ်လဲထိုင်နေတတ်တယ်။

ငါကတော့ အစည်းအ‌ေဝးထဲသူဝင်လာတာနဲ့ ပေါက်ကရပေါင်းတစ်ထောင်ကို ထမင်းစားရေသောက်ပြောနေမိတယ်။ တကယ်တော့ ငါက ယုန်မလေးနဲ့စကားထပ်ပြောချင်နေတာပါပဲ။

သူများဝင်ပြောမလားဆိုပြီး ငါ့ရဲ့gpထဲစာပို့ခဲ့ပင်မဲ့ နောက်ဆုံး 'အစားအစာတွေကိုမြည်းပြရအောင်လို့' ပြောမှ သူကစာပြန်ပို့တယ်။ 'အရသာဆိုးလိုက်တာ ဒိုင်လေသံဖြင့်'ဆိုပြီး ရုတ်တရပ်ပြန်ပို့လာတဲ့စာကြောင့် ငါအူကြောင်ကြောင်ဖြစ်သွားတယ်။

ဒါပင်မဲ့ သူရီနေခဲ့ပါတယ်။

ဒါကြောင့်ငါ့ရဲ့ပေါက်ကရပြောနည်းဟာ အဲ့ညအတွက် အလုပ်တော်တော်ဖြစ်သွားတယ်ပြောရမှာပါပဲ။

ဒီလိုနဲ့ ယုန်မလေးကို ငါပိုပြီးသတိထားမိလာတယ်။ သူဘယ်သူတွေနဲ့ပိုခင်တယ်။ ဘယ်ဘာသာမှာပိုတော်တယ်။ ဘယ်ဘောပင်သုံးတယ်။ မနက်ဘယ်ချိန်လာတယ်ကအစ အသေးမွှားလေးတွေကို ငါသိလာခဲ့ရတယ်။

ငါ့ရဲ့လိင်စိတ်ခံယူမှုအပေါ်သိတဲ့ သူငယ်ချင်းတချို့ကတော့ ငါသဘောကျနေတာလားလို့ မေးခွန်းလာလာထုတ်တတ်ကြပင်မဲ့ ငါကတော့ ပြုံးပြီးပဲ လှည့်ထွက်ခဲ့တယ်။

ငါမသိဘူး။ ငါသဘောကျတာလားဆိုတာ ငါမသိဘူး။

ယုန်မလေးကိုအနီးကပ်မြင်ရင် ငါ့ရဲ့လက်ဖျားတွေအေးစက်လာပြီး အူကြောင်ကြောင်နဲ့ ပြုံးပြမိတယ်။ ပြီးရင် ငါ့နားရွက်တွေပူလာမယ်။ ယုန်မလေးကတော့ ပြန်ပြီးလှည့်ထွက်သွားလိမ့်မယ်။

ဒီလိုနဲ့သံသရာလည်နေတဲ့ ငါ့ရဲ့ဆက်ဆံရေးအပေါ်မှာ ငါမေးခွန်းမထုတ်ချင်ခဲ့ပင်မဲ့ သူ့ကိုသတိထားမိလာတဲ့ နှစ်ဝက်နောက်ပိုင်းမှာ ငါ့ရဲ့စိတ်ရင်းကို သူ့သူငယ်ချင်းဆီ အနည်းငယ်ပြောခဲ့မိတယ်။

"ဘေးနားက တစ်ယောက်ကိုဂရုစိုက်ပေးပါ သူ့ကြည့်ရတာအထီးကျန်နေသလိုပဲ" လို့ငါသွားပြောပြီးမကြာဘူး သူ့သူငယ်ချင်းက ငါယုန်မလေးကိုကြိုက်နေတယ်ထင်ပြီး နောက်‌ေန့မနက်မှာ ဇွတ်ကိုပြုံးပြတော့တယ်။

ဒီလိုနဲ့ ယုန်မလေးကိုသွားပြီး မထိသင့်မှန်းသိလာစေတဲ့ရက်ကို ရောက်လာတယ်။

အဲ့တာကတော့ ၁၁လပိုင်းဝန်းကျင် ညဘက်ငါစာလုပ်နေတုံး ငါ့စာကြည့်စားပွဲပေါ်ရောက်လာတဲ့ အသည်းပုံသကြားလုံးအထုတ်‌ေကြာင့်ပါပဲ။

တရားခံဖြစ်‌ေအာင်လှုံ‌ေဆာ်သူက ငါ့ရဲ့မုန့်ဖြစ်ပြီး ကျူလွန်းသူက ငါဖြစ်လာခဲ့တယ်။

သကြားလုံးတွေကို မသိသာအောင်ပတ်ပေးရင်းနဲ့ ယုန်မလေးအတွက်အစိမ်း‌ေရာင်ပန်းသီးသကြားလုံးကို သူ့သူငယ်ချင်းဆီကပေးခိုင်းလိုက်တယ်။

သူ့သူငယ်ချင်းကလည်း အရောက်ပို့တဲ့နေရမှာ ပရော်ဖက်ဆာတစ်ယောက်လိုပဲ။

ငါပေးတာကို ကောင်လေးတစ်ယောက်ပေးတယ်ဆိုပြီး အရောက်ပို့လိုက်တာနဲ့ ယုန်မလေးဟာ တခြားလူကို ကျွေးဖို့လုပ်လိုက်တယ်။ ဒါပင်မဲ့ ငါ့လက်ထဲက သကြားလုံးအထုတ်ကို ငါဖွက်နေတုံးမြင်သွားတဲ့ သူက သကြားလုံးကိုဖောက်စားပြီး 'ရင်ခုန်လိုက်တာ တမျိုးလေးနော်' ဆိုပြီး ပြောခဲ့တယ်။

ဒါပင်မဲ့ ယုန်မလေးဟာ သူ့ကိုဘယ်သူကဘာလို့ပေးလဲ‌ သေချာမသိသလို သကြား‌လုံးလေးပေးမိတာက ချစ်ခြင်းကို ဝန်ခံတဲ့အရာဖြစ်သွားမယ်လို့ ငါလဲမထင်ထားခဲ့ဘူး။

ဒီလိုနဲ့နောက်တစ်ပတ်မှာ သူကငါ့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ လိုက်ကြည့်လာတယ်။ ဒါကြောင့် သူ့သူငယ်ချင်းကနေစုံစမ်းတော့ 'ငါကြိုက်နေမှန်း သူသိသွားတယ်'လို့ပြောလာတယ်။

ဒီလိုနဲ့အသည်းပုံသကြားလုံးဟာ ငါ့ရဲ့မေးခွန်းတွေရဲ့အဖြေဖြစ်လာပြီး ချစ်ခြင်းပြသက်သေတစ်ခုဖြစ်လာခဲ့တယ်။

----------------------------------------------------------
#TBC

Shung

Beyond the Stars Where stories live. Discover now