(အပိုင်း-၇)

110 13 0
                                    

-အကြည်ဓာတ်-

ငါ့ရဲ့ဘဝမှာ ဝင်ရိုးစွန်းမှာရှိနေတတ်တဲ့ အလှတရားတွေက နှစ်လိုဖွယ်ကောင်းတဲ့အရာတွေလို့ ခံယူထားမိတယ်။

ဉပမာပြောရရင် ဝင်ရိုးစွန်းအအေးပိုင်းဒေသတွေမှာတွေ့ရတဲ့ auroraတွေလိုမျိုး ငါ့ရဲ့မျက်စောင်းထိုး ခုံတန်းထောင့်လေးက အေးစက်တတ်တဲ့ ကုမ်ရာသီဖွားလေးဟာလဲ မြတ်နိုးချင်စရာလေးပါပဲ။

ကုမ်ရာသီဖွားလေးကြောင့် သောကြာနေ့တွေဟာ ငါ့အတွက် ပျော်စရာအကောင်းဆုံးနေ့ရက်တွေထဲမှာ ‌ဓာတ်ပုံဘောင်ထဲထည့်ပြီး သိမ်းထားချင်စရာကောင်းတဲ့ နေ့ရက်လေးတွေ ဖြစ်လာတယ်။

ခါးလယ်လောက်ရှိတဲ့ ဆံပင်လေးတွေကို ညှပ်ကလစ်လေးနဲ့ သေချာသိမ်းညှပ်ထားပြီး အဖြူရောင် အကျီလက်ရှည်လေးကို ခေါက်တင်ထားတဲ့ ကုမ်ရာသီဖွားလေးကို ငါ မြတ်နိုးမိတယ်။

သောကြာနေ့မနက်ခင်း‌ေတွဆိုရင် ကုမ်ရာသီဖွားလေးရဲ့ လက်သွယ်သွယ်လေးတွေ ကိုင်ထားတဲ့ တံမြက်စည်းလေးတောင် ဖြစ်ချင်တယ်။ ကုမ်ရာသီဖွားလေးရဲ့ အသင်းနေ့ဖြစ်တဲ့ သောကြာနေ့ဆိုရင် ငါဟာ အခန်းရဲ့ထောင့်မှာ စာအုပ်ဖတ်ချင်ယောင်‌ေဆာင်ရင်း မတ်တပ်ရပ်နေတတ်တယ်။

ဒါဟာ ဘဝမှာ ပထမဆုံး လူတစ်ယောက်ကို ပန်းချီကားတစ်ခုလို ရင်တမမနဲ့ ခိုးကြည့်ရခြင်းမျိုးပဲ။

ကုမ်ရာသီဖွားလေးရဲ့ တာဝန်ကတော့ ရိုးစင်းပင်မဲ့ ငါ့ရဲ့နှလုံးသားက တဒုတ်ဒုတ်ခုန်တဲ့အသံတွေဟာ သံစဉ်တွေအဖြစ်ပြောင်းသွားနိုင်တဲ့အထိ ပြုလုပ်နိုင်တယ်။

ဘုရားပန်းလဲတဲ့အချိန် ပန်းတွေကို ပစ်ဖို့လှမ်းနေတဲ့ ကုမ်ရာသီဖွားလေးရဲ့လက်တွေဟာ အခန်းထောင့်က ငါ့ကိုခိုးကြည့်ပြီး ဘေစင်ပေါ်ပန်းစည်းကို တင်ပေးထားတတ်တယ်။

တကယ်ကို သောကြာနေ့မနက်ခင်းတွေဆိုရင် ငါ့လက်ထဲကပန်းတွေက ပိုပြီးတောင်မွှေးနေလောက်တယ်။

မှတ်မှတ်ရရ ဂန္ဓာမာပန်းဝါဝါလေးတွေကို ငါကောင်မလေးတွေဆီ ဝေပေးနေတုံးက ကုမ်ရာသီဖွားလေးဟာ ငါ့အနားကခုံတန်းလေးဆီ မသိမသာလေးလာထိုင်ဖူးတယ်။

Beyond the Stars Where stories live. Discover now