Ending

293 18 0
                                    

-ကုမ်ရာသီဖွားနဲ့ ဗြိစ္ဆာရာသီဖွား-

လေနဲ့ရေပေါင်း‌ရင် မုန်တိုင်းတဲ့။

ဒီလိုနဲ့ မိုးတွေသည်းတဲ့ ဂျွန်လိုင်လ။ အသက်၂၇ထဲရောက်နေပြီဖြစ်တဲ့ငါဟာ ထိပ်စည်းပြောင်းကာနီးလာလေ မဂ်လာဖိတ်စာတွေပိုပြီးလက်ခံရရှိလာလေပါပဲ။

ငါ့ရဲ့ဘဝဟာ တွေးထားသလိုတော့မဟုတ်ခဲ့ပင်မဲ့တော်တော်တော့အဆင်ပြေနေခဲ့ပါတယ်။

ခရီးသွားပြီး တိုးရစ်ဂိုက်လုပ်ပေးရတဲ့ငါဟာ ငှက်တစ်ကောင်လိုပဲ။ လွတ်လွတ်လပ်လပ်နဲ့ ပျံသန်းကောင်းနေတုံးပါပဲ။

တစ်ရက်မှာတော့ မန္တလေးမြို့ရဲ့ မိုးရာသီမှာ စပိန်က ဧည့်သည်တွေကို ကျုံဘေးနားလမ်းလျှောက်ရင်း မြို့အကြောင်းပြောပြနေတုံးမိုးစက်လေးတွေ ဖွဲကနဲကျလာတယ်။

တော်ရုံမိုးမရွာတတ်တဲ့ မန္တလေးမြို့ရဲ့ရာသီဉတုကြောင့် ငါပါကယောင်ကတမ်းနဲ့ ဧည့်သည်တွေကို ရီမောပြီး မိုးရွာတာ ဝမ်းသာလိုက်တာ‌လို့ အော်ပြောမိတယ်။

ရာသီဥတုတွေထဲမှာ ငါဟာမိုးရာသီကိုအချစ်ဆုံးဖြစ်ပြီး မေ့ဖျောက်ထားတဲ့ရာသီဟာ ဆောင်းလလယ်တွေဖြစ်တယ်။

‌ဒါကြောင့်မိုးရွာထဲဆက်နေချင်ပင်မဲ့ ဧည့်သည်တွေဖျားမှာစိုးလို့ ဟိုတယ်ကိုအမြန်ပ့န်ခဲ့ပြီးငါတို့နားခဲ့ကြတယ်။

ပြောရရင် မန္တလေးမှာဒီညဟာနောက်ဆုံးညဖြစ်ပြီး မနက် ရန်ကုန်ပြန်မှာဖြစ်တယ်။

good night လို့နှုတ်ဆက်ပြီး ငါလဲပဲအခန်းထဲပြန်ဝင်ခဲ့တယ်။

အခန်းထဲရောက်‌ေတာ့ မိုးရေစို‌ေနတဲ့ဆံပင်တွေကို dryerနဲ့မှုတ်ပြီး ပြတင်းပေါက်ကမိုးစက်တွေကို ငေးနေမိတယ်။

ဒီလိုနဲ့အတိတ်က ဆယ့်ရှစ်နှစ်အရွယ် ငါကိုပြန်မြင်ယောင်မိသွားတယ်။

အဲ့ညနေကပေါ့။ မိုးသည်းတဲ့ကျောင်းပြန်ချိန်မှာ ငါ့ရဲ့ထီးကို တစ်စုံတစ်ယောက်ရဲ့လက်ထဲထိုးထည့်ပေးပြီး ပြေးထွက်လာတဲ့ညနေခင်းတစ်ခုကို ပြန်တွေးမိခြင်းတွေပါပဲ။

ပြောရရင်ဆယ့်ရှစ်နှစ်ဘဝဟာ ငါ့အတွက် အသက်ဝင်ဆုံးနဲ့ ကာလာအစုံဆုံးအချိန်ပဲဖြစ်တယ်။

Beyond the Stars Where stories live. Discover now