(အပိုင်း-၁၀)

112 14 0
                                    

-မမြင်နိုင်သော-

စာအုပ်ရဲ့နာမည်ကို သူဖတ်ပြီးတဲ့နေ့ကစပြီး ငါ့ရဲ့မျက်ဝန်းထဲ စိုက်ရောက်တတ်တဲ့ ထောင့်ဆုံးဝိုင်းက မိန်းကလေးရဲ့ကျောပြင်ကိုစာမေးပွဲဖြေတဲ့အထိ ငေးခဲ့ရပါတယ်။

ပွတ်သီသွားတတ်တဲ့ အကြည့်တွေကို ရှောင်ဖယ်သူဟာ ငါဖြစ်လာခဲ့ပြီး ကြိတ်ပြီးဝမ်းနည်းဝမ်းသာဖြစ်ရသူဟာလည်း ငါပဲဖြစ်လာခဲ့တယ်။

နွေဦးလေးကတော့ ငါ့ရဲ့အကြည့်တွေကိုနားလည်ဖို့ ကြိုးစားခဲ့ပင်မဲ့ တပတ်ကြာတော့ ငါ့ကိုပြန်ကျောပေးခဲ့တာ ဟိုအရင်အောက်တိုဘာလကလိုပဲ။

‌အောင့်သက်သက်နဲ့ ရင်ထဲအရမ်းသတိရပြီး စကားပြောချင်ပင်မဲ့ ကျောပြင်လေးကိုငေးရတာကပဲ ငါ့အတွက် ကောင်းချီးပေးခံရမှုတစ်ခုလိုဖြစ်လာခဲ့တယ်။

ဒါဟာ ငါကိုယ်တိုင်မြင်ခဲ့ရတဲ့ သူ့ရဲ့မိဘကြောင့်ပါပဲ။

စုံညီပွဲတွေရှိတဲ့ကာလကို ရောက်လာတဲ့အခါ စင်ပေါ်တက်ရတဲ့ နွေဦးလေးဟာ ပညာထူးချွန်ဆုအပြင် အကပါပါလို့ ငါ့အတွက်တော့ သက်ရှိနတ်ဘုရားမကို မြင်လိုက်ရတဲ့နေ့ရက်ပဲ။

မပြင်မဆင်နဲ့တောင် ကုမ်ရာသီဖွားလေးဟာ လှလိုက်တာ။ ပြင်လိုက်တော့ ငါ့ရဲ့အတ္တစိတ်ကြောင့် ဖွက်ထားချင်မိတော့တာပါပဲ။

ပွဲတွေစတဲ့အချိန် ငါဆုယူပြီးနောက်မှာ လက်ထဲ စာအုပ်တစ်အုပ်ကိုင်ဖတ်နေတုံး ငါ့အမေရဲ့လက်တို့မှုကြောင့် နွေဦးလေးရဲ့မိဘတွေကိုသိခဲ့ရပါတယ်။

နွေဦးလေးရဲ့မိဘတွေဟာ ငါ့အမေနဲ့အနည်းငယ်သိတဲ့သူတွေဖြစ်တယ်။ ရုံးတူတဲ့အတွက် အကြောင်းသိနေလို့ နွေဦးလေးအမေ‌အကြောင်းပြောပြတဲ့အခါ ဖတ်လတ်စ ကဗျာစာပိုဒ်လေးတောင် မြေကြီးထဲ ကျွံကျသွားသလိုခံစားခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့။

သူ့မိဘတွေရဲ့မျက်ဝန်းတွေထဲက မျှော်လင့်ချက်နဲ့ အတ္တတရားတွေကိုပါ ငါမြင်နေရလို့ဖြစ်တယ်။

နွေဦးလေးဟာ တစ်ဦးတည်းသောကလေးလေး။ ငါသာ နွေဦးလေးကို ဖွင့်ဟခဲ့ရင် နာကျင်ရမှာ နွေဦးလေးဖြစ်ပြီး ပိုပြီးချုပ်နှောင်ခံလာရမှာ နွေဦးလေးပဲဖြစ်နေပြန်လို့ပါပဲ။

Beyond the Stars Where stories live. Discover now