(အပိုင်း-၆)

105 13 0
                                    

-ဆုံတွေ့ခြင်း-

ဆောင်းရာသီရဲ့မနက်ပိုင်းမှာ ငါ့အခန်းကနေ အပြင်ကိုကြည့်ရင် မြူတွေကို မြင်နေရတယ်။

မနက်ခြောက်နာရီဝန်းကျင်မှာ ငါ့လက်ထဲက ဖတ်စာအုပ်လေးကို လွယ်အိတ်ထဲထည့်ရင်း မြူတွေကို လက်နဲ့လိုက်ထိမိတယ်။

‌ပြောရရင် ရူးကြောင်ကြောင်အလုပ်ဆိုပင်မဲ့ တစ်ခါတစ်လေကျရင် အိမ်မက်ဆန်ဆန်ပဲ မြူတွေကြားထဲကနေ ယုန်မလေးထွက်လာဖို့မျှော်လင့်ဖူးတယ်။

ဒါပင်မဲ့ အပြင်မှာတော့ ယုန်မလေးက ငါ့အပေါ် မျက်နှာသာပေးခြင်းတွေ မခံခဲ့ရဘူး။ ပြောရရင် ငါနဲ့လမ်းမှာတွေ့တဲ့အခါ တခြားလမ်းကိုရွေးသွားတတ်ပြီး အစည်းအဝေးတွေလဲပျက်ကွက်လာတတ်တယ်။

ဒါဟာ ငါ့ရဲ့ အရေးမပါတဲ့ လက်ဆောင်ပေးလိုက်တဲ့အတွက်ပါပဲ။

ဘဝမှာ ငါ့အတွက်ဆိုပြီး မျှမပေးတတ်တဲ့ ငါက ငါ့ကိုလက်ဆောင်ပေးထားတဲ့ မုန့်တွေ သကြားလုံးတွေထဲက သံပုရာသီးသကြားလုံးလေးတစ်လုံးကို အပြေးအလွှား သူရဲ့လက်ထဲထိုးထည့်ခဲ့ဖူးတယ်။

ဒါက တကယ်ကို ရူးကြောင်ကြောင်နိုင်တဲ့လက်ဆောင်ပေးနည်းလို့ ပြောနိုင်တယ်။

အဲ့နေ့ညနေ ကျောင်းဆင်းချိန်တုံးကပေါ့။

ငါ့ရဲ့အပေါ်ထပ်အကျီအိတ်ကပ်ထဲမှာ သကြားလုံးလေးကို သိမ်းထည့်ထားတယ်။ ပြီးတော့ ပုံမှန်လိုပဲ ယုန်မလေးကို လှမ်းလှမ်းကြည့်ရင်းနဲ့ ဂိတ်ဝကိုရောက်လာတယ်။

ကျောင်းဂိတ်ဝမှာတော့ လူတွေခပ်များများပဲ။ ဒါကြောင့် မသိစိတ်အရပဲ ယုန်မလေးကိုလိုက်ရှာရင်းနဲ့ သူနဲ့သူ့သူငယ်ချင်းကို လူအုပ်ထဲမှာတွေ့လိုက်တယ်။

အစကတော့ ငါလဲ နားကြပ်တပ်သီချင်းနားထောင်ရင်း ကားလမ်းကူးပြီးအိမ်ပြန်မယ်တွေးခဲ့ပင်မဲ့ ယုန်မလေးကို အနီးကပ်ဆုံလိုက်ရတဲ့အခါ ငါ့ရဲ့ အသိစိတ်က မထိန်းနိုင်တော့ပဲ နောက်လှည့်ပြီး အိတ်ကပ်ထဲက သကြားလုံးလေးကို သူ့လက်လေးထဲ အတင်းထိုးထည့်ပေးပြီး ငါပြေးထွက်ခဲ့တယ်။

ငါကတော့ ရှက်လွန်းလို့ပြေးထွက်ရင်း မလှမ်းမကမ်းမှာ နောက်ပြန်ငေးကြည့်လိုက်တော့ ယုန်မလေးက ရုပ်တည်နဲ့ လက်ထဲကသကြားလုံးကိုကြည့်လိုက် ငါ့ကိုကြည့်လိုက်နဲ့ အံ့ဩတကြီးဖြစ်နေခဲ့ပါတယ်။

ရီတော့ရီရတယ်။ ငါတို့ရဲ့ဇာတ်လမ်းက သကြားလုံးတစ်လုံးကြောင့် အစပြုခဲ့ရတယ်။

သကြားလုံးတွေရဲ့သဘောတရားကို ငါဘယ်လိုသိလဲဆိုရင် အပူအလွန်အကျွံပေးခံရရင် အစိုင်အခဲကနေ အရည်‌အဖြစ်ပြောင်းလဲသွားခြင်းပဲ။ ဒီလိုပဲ ငါ့ရဲ့ချစ်ခြင်းကို မဝန်ခံရသေးပင်မဲ့ ဖော်ပြခြင်းတွေများလာတဲ့အခါ ယုန်မလေးဟာ ငါ့အပေါ် တန်ပြန်အေးစက်လာခဲ့ပါတယ်။

ဒါကြောင့် သေချာတာ ယုန်မလေးဟာ ငါ့အပေါ် ပိုပြီးအမြင်မကြည် ဖြစ်လာခဲ့တာပါပဲ။

ဒီလိုနဲ့ ငါ့ရဲ့မွေး‌ေ‌န့လဖြစ်တဲ့ ‌နိုဝင်ဘာမှာ ယုန်မလေး ဆီက ပျော်စရာကောင်းတဲ့မွေးနေ့‌ဖြစ်ပါစေလို့ ပို့လာမဲ့စာလေးကို ညလုံးပေါက်ထိုင်စောင့်ခဲ့ဘူးတဲ့အချိန်တွေရှိခဲ့တယ်။

ဒီလိုညလုံးပေါက်စာဖတ်ရင်းနဲ့ ငါ့ရဲ့ဖုန်းကနေ မွေးနေ့ဆုတောင်းတွေ တစ်ခုပြီးတစ်ခုလက်ခံရခဲ့ပင်မဲ့ ငါမျှော်နေခဲ့တဲ့ စာတစ်စောင်ရောက်မလာလို့ စိတ်ပျက်ခြင်းတွေနဲ့ အိပ်ရာဝင်ခဲ့ဖူးတယ်။

ဒီလိုနဲ့ငါ့ရဲ့ နိုဝင်ဘာလလေးဟာ အေးစက်ခြင်းတွေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

ဒီဇင်ဘာလကို ရောက်လာတော့ လအစမှာ သတင်းတစ်ခုပြီးတစ်ခု ကြားလာရတယ်။

ယုန်မလေးနဲ့ငါပါတဲ့ တင်ပြချက်အစီအစဉ်ရက်ကို ရှေ့တိုးတဲ့ကိစ္စရယ် ယုန်မလေးက အဖွဲ့ထဲကထွက်ချင်တယ်ဆိုတဲ့ သတင်းတွေပါပဲ။

ငါကတော့ ချက်ချင်းကိုပဲ ‌ဒီဇင်ဘာလရဲ့ ရက်အစမှာပဲ ခြောက်ခြားသွားခဲ့တယ်။

ဒီတင်ပြချက်မှာ ခေါင်းဆောင်နေရာယူတာ ယုန်မလေးနဲ့ နီးစပ်ဖို့ပဲဖြစ်တယ်။ ဒါပင်မဲ့ အခုသူကထွက်ချင်တယ် ပြောလာတော့ ငါဘာတတ်နိုင်မှာလဲ။

ည၁၂နာရီအထိ မအိပ်ပဲ စာတမ်းထိုင်ရေးတဲ့ ငါ့ကိုယ်ငါပဲ သောက်ရူးလို့အော်ပြောရမလို။ ဒါပင်မဲ့ စိတ်ဓာတ်ကျတာခဏပါပဲ။ ညဘက်အစည်းအဝေးရောက်တော့ ယုန်မလေးက အဖွဲ့ထဲကမထွက်ရတော့ဘူး။

သူမထွက်ခဲ့တာလို့ပြောရင် ပိုစိတ်ချမ်းသာစရာကောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ယုန်မလေးအဖွဲ့ထဲကမထွက်တော့တဲ့အတွက်ကြောင့် ဒီဇင်ဘာလရဲ့ညလေးဟာ နှစ်ခြိုက်စရာကောင်းလွန်းခဲ့တယ်။

ငါ့အိပ်ခန်း ပြတင်းပေါက်ကကြည့်ရင် ကြယ်လေးတွေအစုစုနဲ့ ဓူဝံကြယ်ကိုတောင် ငါမြင်ခဲ့ရတယ်။ ဒါက လှပတဲ့သဘာဝတရားတစ်မျိုးပဲ ယုန်မလေးလိုမျိုးပေါ့။

----------------------------------------------------------
#TBC

Shung

Beyond the Stars Where stories live. Discover now