(အပိုင်း-၃)

116 16 0
                                    

-ရင်ခုန်သံ-

ဒီနေ့က ငါ့အတွက် မနက်စာမစားခဲ့ရပင်မဲ့ ကြည်နူးစရာကောင်းတဲ့ ရက်ကလေးဖြစ်နေတယ်။ ဒီနေ့ကငါ့ရဲ့အသင်းနေ့။

ငါ့လက်ထဲမှာ ပန်းပွင့်တွေအစည်းလိုက်‌ေလးရှိတယ်။ ပြောရရင် ဒီမနက်အတွက် ပန်းတွေရွေးနေတာပါပဲ။ လက်ထဲကပန်းလေးတွေကတော့ အဝါရောင်လေ။

အဝါရောင်ဟာ ပျော်ရွှင်မှုလေးပေါ့။

ပန်းတွေရွေးလို့ပြီးသွားတဲ့နောက်မှာ ဘုရားခန်းသွားမဲ့အဖွဲ့ကို ပန်းတွေအရင်လိုက်ပေးတယ်။ ကောင်မလေးတွေကတော့ ကျေးဇူးပဲ နင်ရောမပန်ဘူးလားဆိုပြီး ပြန်‌ပန်ပေးပင်မဲ့ ငါခေါင်းရှောင်လိုက်တယ်။

ဒီလိုနဲ့ ဒုတိယအထပ်ကိုရောက်လာတဲ့ ကျောင်းသူတွေအကုန်လုံးကို ပန်းလေးတွေ ပေးလိုက်တယ်။ ငါကတော့ ကော်ရစ်တာမှာအလုပ်များနေတုံး လက်ဇကအကျီအဖြူ ရင်ဖုန်း‌ေလးနဲ့ ရိုးရိုးလေးဝတ်လာတဲ့ကောင်မလေးကို လှေကားအပေါ်ကနေဖြတ်ကနဲမြင်လိုက်တယ်။

တခြားကောင်မလေးတွေကို ပန်းပေးသလိုမျိူး ယုန်မလေးကိုပန်းပေးဖို့ သတ္တိစွန့်ပြီး သွားမယ်လို့ ငါတွေး‌ေနတံုး ယုန်ပေါက်စရဲ့မျက်ဝန်းကြည်ကြည်လေးတွေက ငါ့ကိုတချက်ကြည့်ပြီး အခန်းထဲဝင်သွားတယ်။

မျက်လုံးချင်းစုံသွားလို့ ရင်ခုန်သွားတာကို လျစ်လျူရှုရင်း မသိမသာနဲ့ပန်းလိုက်ပေးဖို့ အခန်းထဲဝင်သွားတုံး နားလည်မှုကိုအခြေပြုပြီး ငါ့ရဲ့ပန်းတွေကို ဖွက်ခဲ့ရတယ်။

နာကျင်စရာပါပဲ။ သူ့ဘေးမှာ ကောင်လေးတစ်ယောက်ရှိတယ်။ ပုံမှန်ဆိုရင် ဘယ်လိုမှမနေပင်မဲ့ ငါ့အတွက်ကတော့ မင်းသားနဲ့မင်းသမီးကြားဝင်ရှုပ်မိတဲ့ အရံဇာတ်ကောင်လိုခံစားလိုက်ရတဲ့အတွက်ပါပဲ။

ဒီလိုနဲ့ ငါပြန်ထွက်လာတုံး သူမြင်သွားတယ်ထင်တယ်။ ငါ့ဘေးနားကိုရောက်လာပြီး အမှိုက်ပစ်သလိုနဲ့ ငါ့ကိုကြည့်သွားတာကို သိလိုက်တယ်။

ဒါပင်မဲ့စိတ်မကောင်းစရာပါပဲ။ တခြားကောင်မလေးတွေကို ငါပန်းပေးနေတာကို သူရပ်ပဲကြည့်နေခဲ့တယ်။

ငါထင်တာ သူလာတောင်းမယ်လို့လေ။ ငါ့ရဲ့မျက်မှန်အောက်က မျက်လုံးတွေကို သူနားလည်ပြီး ပန်းလာတောင်းမယ်လို့ ငါတွေးနေခဲ့တာ။

ဒါပင်မဲ့ အဲ့နေ့မှာ သူပန်းလဲမတောင်းသလို ငါ့ကိုလဲ သူသတိမထားမိခဲ့ပါဘူး။

ဘာလိုလိုနဲ့အောက်တိုဘာလရဲ့စာမေးပွဲတွေတောင်ပြီးသွားလို့ ပွဲတွေရောက်လာပြီ။

ပြောရရင် စာမေးပွဲဆိုရင် သေလောက်အောင်စာကုန်းလုပ်ရတဲ့ငါဟာ ယူနစ်တွေကြောင့် နိဗ္ဗာန်ဆိုတာ ဒါများလားဆိုပြီး ဖုန်းတစ်လုံးကိုင်ရင်း အိမ်မှာအရူးအထာဖမ်းခဲ့တဲ့ညနေလေးလဲရှိခဲ့ပါတယ်။

အဲ့နေ့ညနေကတော့ ငါ့ဘဝမှာ နှလုံးတစ်ခုလုံး ပါးစပ်ကနေထွက်သွားပြီလို့ ထင်ရအောင် ရင်ခုန်ခဲ့ရတဲ့ညနေပါပဲ။

စာလုပ်ပြီးလို့ တအောင့်‌နားနေတဲ့ အချိန် ငါ့ရဲ့ဖုန်းကနေ နိုတီဖကေးရှင်းလေးတစ်ခုတက်လာတယ်။

အဲ့တာဟာ ငါမထင်ထားတဲ့ ယုန်မလေးရဲ့'Hi'ဆိုတဲ့ စာကြောင့်ပါပဲ။

ပထမဆုံးမြင်လိုက်ရတုံးကတော့ ငါအရမ်းအံ့ဩခဲ့ရပါတယ်။ သူဘယ်လိုများ ငါ့ရဲ့ accကိုသိလဲလို့ပေါ့။ ဒီလိုနဲ့ငါပြန်စကားပြောပြီးနောက် သူကပွင့်ပွင့်လင်းလင်းပဲမေးလာတယ်။

"Physic ယူနစ်လေးတွေ ရေးထားလား" ဆိုတဲ့မေးခွန်းလေးကြောင့် ဒီဘာသာရပ်ကိုသင်တဲ့ဆရာတွေကိုရော ဘာသာရပ်ကိုထွင်ခဲ့တဲ့ ပညာရှင်တွေကိုရော လေးစားပါတယ်လို့ ချီးကျူးမိတဲ့အထိပဲ။

ငါ့ရဲ့လက်တုန်နေမှုကြောင့် ပုံတွေကဝါးတဲ့အထိဖြစ်နေခဲ့လို့ အားနာမိပင်မဲ့ သူကတော့ ကြောင်အီမိုဂျီလေးနဲ့‌ "ကျေးဇူးပါ" လို့ပြောတဲ့နောက်မှာ ငါမထိန်းနိုင်တော့ပဲ အသဲလေးပေးလိုက်ရတာ ရေကန်ထဲကို ဒိုင်ဗင်ထိုးချလိုက်သလိုပဲ။

အရမ်းကို ကြိုက်တယ်။

ဒီလိုနဲ့ အောက်တိုဘာလကုန်ကာနီး တင်ပြချက်တစ်ခုထပ်လုပ်ရပြန်တယ်။ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့်လားငါမသိပင်မဲ့ ယုန်မလေးနဲ့ငါ တစ်ဖွဲ့ထဲ။ လူပေါင်း၄၀‌ထဲမှာမှ သူနဲ့အဖွဲ့ချင်းတူလို့ ပျော်နေတာ ဖုံးဖိမရအောင်ဖြစ်ခဲ့ပုံများ ချက်ချင်းကို အဖွဲ့ထောင်ပြီးငါ့လက်ထောက်ဆိုပြီး အတင်းခန့်လိုက်တာပါပဲ။

----------------------------------------------------------
#TBC

Shung

Beyond the Stars Where stories live. Discover now