(အပိုင်း-၈)

104 12 0
                                    

-ဖွင့်ပြောခြင်း-

ငါရဲ့မသိစိတ်တွေနဲ့ သိစိတ်တွေကြားမှာ တဖြေးဖြေးနဲ့ ထင်ရှားလာတဲ့ အမည်နာမလေးဟာ ရိုးရှင်းတဲ့နာမည်လေးပါပဲ။

အစွန်းသတ်‌ေလးကိုခေါ်ရင် နွေဦးလို့အသံထွက်ပြီး အပြည့်အစုံဆိုရင်တော့ နန်း‌ေနွဦးလို့အသံထွက်တဲ့ ရှမ်းမလေးရဲ့ အမည်နာမလေးပဲဖြစ်တယ်။

အေးစက်စက်‌ ကုမ်ရာသီမှာ မွေးဖွားတဲ့ ယုန်‌မလေးကို နွေဦးလို့ဘာလို့ပေးခဲ့လဲမသိခဲ့ပင်မဲ့ ယုန်မလေးက နွေဦးရဲ့အငွေ့အသက်တွေ တစ်ခါတစ်ခါ ယူဆောင်လာပေးတတ်တယ်။

ဉပမာ မီးရောင်ဖျော့ဖျော့လေးအောက်မှာ ငါ့ကို မော့ကြည့်နေတဲ့ မျက်ဝန်းညိုလေးတွေလိုမျိုး။

ရင်ခုန်စရာကောင်းခြင်းပါပဲ။

ဘာရယ်မဟုတ်ပဲနဲ့ ငါ့ရဲ့ရင်ဘတ်ကြီးက ပေါက်ကွဲတော့မတက်ခုန်နေလို့ အရေးပေါ်ကားတောင်ခေါ်ရမယ်လို့ အူကြောင်ကြောင်တွေးမိတဲ့အထိပဲ။

အပြာရောင်ဂါဝန်ရှည်လေးကိုဝတ်ပြီး ဆံပင်တွေဖြန့်ချထားတဲ့ မိန်းကလေးက ငါ့ဘဝရဲ့အချစ်ဦးလေးဆိုတာ ငါကိုယ်တိုင်တောင်မယုံနိုင်အောင် သိပ်ကိုကြည်နူးစရာကောင်းလွန်းပါတယ်။

"အတူကမလား"ဆိုတဲ့ စကားကိုပြောဖို့ ငါ့ရဲ့၁၈နှစ် ဘ၀မှာ ရှိသမျှအင်အားတွေကိုညစ်ထုတ်ပြီး နွေဦးဆိုတဲ့ ယုန်မလေးလက်ထဲ အအေးခွက်လေးပေးပြီး ပြုံးပြဖူးတယ်။

သူကတော့ ငါ့ကိုမော့ကြည့်ပြီး အဓိပ္ပာယ်ပါတဲ့မျက်ဝန်းတွေနဲ့ တစ်ဖက်ကိုလှည့်ပြီး ငါ့လက်ထဲက ကိုလာခွက်ကိုယူပြီး တစ်ကြိုက်လောက်မော့တယ်။

ပြီးမှ ငါ့လက်ကို လာတို့ပြီး ခေါင်းငြိမ့်ပြတာက မဂ်လာဖိတ်စာအစောင်ရေ၁၀၀လောက်ကြိုရိုက်ချင်တဲ့အထိ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားစေတယ်။

"ကောင်းပြီ" ငါဟာငါ့လက်ထဲက ကိုလာခွက်ကိုဘေးခုံမှာချခဲ့ပြီး မြက်ခင်းပြင်ထဲ နွေဦးလေးရဲ့လက်ကို ခပ်ဖွဖွလေးဆုတ်ကိုင်ပြီး သွားခဲ့ဖူးတယ်။

မီးရောင်မှိန်မှိန်လေးအောက်မှာ ကျောင်းက ‌ဂီတဆရာအကြိုက် Lana del Reyရဲ့ lucky onesသီချင်းသံလေးကလည်း ခပ်ငြိမ့်ငြိမ့်လေး။

Beyond the Stars Where stories live. Discover now