(အပိုင်း-၉)

84 15 8
                                    

-လက်ဆောင်-

ဇန်နဝါရီလမှာ ငါ့ရဲ့ခေါင်းထဲ နေရာယူလာတာတွေဟာ စာတွေမဟုတ်တော့ပဲ အခန်းရဲ့ထောင့်က နွေဦးလေးကိုပေးရမဲ့ လက်ဆောင်တွေလိုက်စုရင်းနဲ့ပဲ နွေဦးလေးဟာ ငါ့ရဲ့ခေါင်းထဲ အမြဲလိုလိုဖြစ်တည်နေလာခဲ့တယ်။

ဇန်နဝါရီလရဲ့လလယ်ရောက်တော့ ကံဆိုးစွာနဲ့ပဲ ငါတို့ရဲ့တင်ပြချက်လုပ်ရမဲ့အစီစဉ်ပျက်သွားခဲ့ပါတယ်။

ဒါကြောင့်ငါနဲ့နွေဦးလေးဟာ အဆက်သွယ်ပြတ်နေခဲ့ပင်မဲ့ မကြာခဏ ပွတ်တိုက်မိတဲ့ ငါတို့ရဲ့ အကြည့်တွေကတော့ အဓိပ္ပာယ်မဖော်နိုင်တဲ့ မေတ္တာဓာတ်လေးရစ်သီနေတာ လူတချို့တောင်ခန့်မှန်းလို့ရတယ်။

ဗြိစ္ဆာရာသီဖွားဖြစ်တဲ့ငါဟာ လျို့ဝှက်ထားတဲ့အရာတွေတပုံကြီးရှိတဲ့ကြားထဲကမှ ကုမ်ရာသီဖွား‌‌ေလးကို နစ်နဲစွာ ခြေစုံပစ် မြတ်နိုးမိတာကို ငါ့ပတ်ဝန်းကျင်က အတန်းဖော်မိန်းကလေးတွေ တဖြေးဖြေးသိလာကြပါတယ်။

ဒါဟာ ဇန်နဝါရီလလယ်နား။ နွေဦးလေးရဲ့မွေး‌ေန့မရောက်ခင်အချိန်လေး။

အကုန်လုံးကတော့ တိုးတိုးတိတ်တိတ် ရီကြတဲ့သူတွေရှိသလို ပေါ်တင် ချိတ်ပေးတဲ့ကောင်မလေးတွေလဲရှိတယ်။

တချို့ကတော့ လာမေးတယ်။

ဘာလို့ ဒီလိုကြိုက်သွားတာလဲ။

ဘယ်ကြည့်ကြိုက်တာလဲတဲ့။

ဒီလိုလာမေးတိုင်း ငါ့မှာ ဖြေစရာတွေက အရမ်းများလွန်းလို့ ဘာပြောရမှန်းမသိပဲ ခေါင်းငုံပြီးရီနေမိခဲ့ဖူးတယ်။

သေချာတာက ကုမ်ရာသီဖွား နွေဦးလေးရဲ့ ရုပ်ရည်ထပ် အေးဆေးတဲ့သူ့ပုံစံလေး။ လေယူလေသိမ်း အပြုအမှု စိတ်ထားနဲ့ ပြုံးလိုက်ရင် မှိတ်သွားတဲ့ လခြမ်းကွေး မျက်ဝန်းလေးတွေလဲပါလိမ့်မယ်။

ဒါမှမဟုတ်ရင်လည်း..။

အခန်းမှာ ပရဟိတအရမ်းလုပ်တဲ့ကောင်မလေးမို့လို့။ ဒါမှမဟုတ်လည်း ဆုံသွားတတ်တဲ့အကြည့်တွေကြောင့်။ ဒါမှမဟုတ်လည်း အဝါရောင်ပျော်ရွှင်မှုလေးဖြစ်နေလို့ပေါ့။

Beyond the Stars Where stories live. Discover now