"ဟုတ်ကဲ့ပါ ခင်ဗျ"

ယမ်း ခပ်ရွဲ့ရွဲ့လေး ပြန်ဖြေလိုက်သည်ကို စေးစက်က မကြားတော့ပါ။သူက TV ရှေ့ရောက်နေခဲ့ပြီကို။

ဧည့်ခန်းက TV ရှေ့မရောက်ခင်ကတည်းက Korea Girl Music တွေက ယမ်းနားထဲ တိုးဝင်လာလျက်ဖြစ်သည်။

ရှော့ပန်အတိုလေးနဲ့ ခပ်ပွပွ ရှပ်အင်္ကျီကို ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့ စေးစက်သည် TV ရှေ့မှာ တစ်မျိုးထူးဆန်းလို့နေသည်ကြောင့် ယမ်းမှာ ပါးစပ်ပိတ်မရအောင် ရယ်မိသည်လား ပြုံးမိသည်လား ဝေမခွဲတတ်။စေးစက်က ဒီလိုလည်း ချစ်စရာကောင်းပါလား။

"ဟယ်..ဟီး..ရယ်...ဟယ်...ကိုချာ်ဟျာင်ဂီ မာန် နာမ်ဂီဂို ဂါ့ သာန် ဒါ🎵🎵🎵"

သီချင်းသံဆုံးတော့ စေးစက်က ယမ်းဆီ လျှောက်သည်။ပြီးနောက် ယမ်းကို TV ရှေ့က ဆိုဖာဆီ ဆွဲခေါ်သည်။

"ထိုင်"

ယမ်းက ဆိုဖာမှာ ထိုင်ပေးသည်။ဘာလဲဆိုတဲ့ အထာမျိုးနှင့် ကြည့်တော့...

"Jisoo ရဲ့ Flower သီချင်းကိုဖွင့်ပြမယ်။သူ့ကကွက်တွေကို အရင်ကြည့်ထား အဲ့အတိုင်းလိုက်ကကြမယ်။ပြီးရင် မင်းနဲ့ငါ အတူတွဲကကြမယ်။နားလည်လား ယမ်း"

"မောင်က Jisooကတာကိုမကြည့်ချင်ဘူး။ စေးစက်ကတာကိုပဲ ကြည့်မယ်။မောင်က စေးစက်ရဲ့ ပရိသတ်ပဲလုပ်မယ်"

"သဘောပဲ။တစ်ခေါက်ပြီးရင် အတူလိုက်ကပေးရမှာ သေချာကြည့်ထားနော် ယမ်း"

"အင်းပါ"

"စဖွင့်ပြီနော်"

"အင်း။"

စေးစက်ပျော်နေတာဖြစ်၍ ယမ်းလည်း ပြုံးပြုံးကြီးကြည့်နေမိသည်။ဘာလုပ်မှာလဲပေါ့။

"မဖွင့်ခင် ပြောထားရအုံးမယ်။မရယ်နဲ့နော်။ရယ်ရင်အသေသာမှတ်"

"မြန်မြန်သာဖွင့်"

Jisooရဲ့ Flower တီးလုံးသံလေး စပေါ်လာခဲ့သည်။

အယ် အေ့ အေ့ အေ့🎶

စေးစက်ကပါ Tvထဲက Jisooနဲ့အတူ လိုက်ဆို လိုက်ကသည်။

A B C..Do Re Mi🎶

မာန်ခွန်း(မ်) ချာ့ခဲသော်န် နာ🎶

YANG(Completed)Where stories live. Discover now