part-11{Uni}

10.1K 527 9
                                    

ပုံမှန်မဟုတ်ဘဲ တိုက်ခတ်လာသည့် လေကြမ်းတွေက သယ်ဆောင်လာသော ဖုန်မှုန့်၊သဲမှုန့်၊သစ်ရွက်၊အမှိုက်အတိုအစများဖြင့် လေပွေသဖွယ် မွေ့ယမ်းတိုက်ခတ်နေတာ အင်နဲ့အားနဲ့ဖြစ်သည်။

ရှေ့မြင်ကွင်းမှာ သစ်ရွက်ရော်၊သစ်ရွက်ရင့်များ၊ကျွတ်ကျွတ်အိတ် ဖြူနီပြာများက လေထဲ ဝေ့ကာဝဲကာ တစ်ချို့က မြေပြင်ပေါ် ကျတာရှိသလို တချို့က လေပေါ်မှာပဲလွင့်မျောနေဆဲဖြစ်၏။မိုးသက်မုန် တိုင်းမလာခင် လေပွေလေရူးတို့က အကြို စစ်ခင်းနေကြခြင်းဖြစ်၏။

ပတ်ဝန်းကျင်တစ်ခုလုံးက မိုးမှောင်ကျနေပြီဖြစ် သည်။မိုးခြိမ်းသံများကလည်း အလုံးအရင်းဖြင့် ခပ်ကြမ်းကြမ်းရွာချတော့မည်ဖြစ်ကြောင်း အဆက် မပြတ်ဆော်သြနေလျက်။

မြင်တွေ့နေရသည့် အုံ့တုံ့တုံ့ပတ်ဝန်းကျင်ကြီး၊ဒလိမ်း!ဒလိမ်း!​နဲ့ချောက်ချားဖွယ် မိုးခြိမ်းသံကြီးတွေက မကောင်းသောအနိဋ္ဌာရုံများဖြစ်သဖြင့် စေးစက်မှာသာကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ဂနာမငြိမ်ဖြစ်နေသော်ငြား ကားကြီးကို ထိန်းချုပ်နေသူက ပုံမှန်အလျင် ပုံမှန်နှုန်းထားဖြင့် ခပ်သွက်သွက်မောင်းနှင်နေတာပဲဖြစ်သည်။

ဘယ်အရပ်မျက်နှာမှ ​ရွေ့လျားလာမှန်းမသိတဲ့ဝေါခနဲ!ဟူသော အသံထုက ကြောက်စရာကောင်းအောင်ဖြတ်ပြေးလာပြီးသည့်နောက် မိုးပေါက်ကြီးတွေက ကားပေါ်သို့ ခဲတွေပစ်ချနေတဲ့အတိုင်းဖြစ်၏ ။ကားမှန်ဆီကျရောက်လာတဲ့ မိုးပေါက်ကြီးတွေက မှန်တွေကို ဖောက်ခွဲပစ်တော့မဲ့အတိုင်း သဲကြီးမဲကြီး။

မိုးခြိမ်းသံ၊မိုးပေါက်သံ၊တဝူးဝူး!တိုက်ခတ်နေတဲ့ လေသံတွေက မုန်တိုင်းဝင်ရောက်နေသည့်အလား။အပြင်လောကကြီးက အချိန်မရောက်သေးဘဲ မှောင်မိုက်သွားတာ အလင်းရောင်ဟူသည် ကားမီးဖြူဆွတ်ဆွတ်မှလွဲ၍ ဘာမှမရှိ။

လေကြမ်းကြမ်းကြောင့် သစ်ပင်တွေ ယိမ်းထိုးလှုပ်ရှားနေပြီး မိုးပေါက်ကြီးတွေဖြင့်  တဝေါဝေါ!ရွာသွန်းနေသည့်မြင်ကွင်းက ပြတင်းပေါက်နားမှ ထိုင်ငေးနေလျှင် ပန်းချီကားတစ်ချပ်သဖွယ်လှကောင်းလှနေနိုင်ပေမဲ့ ထိုထဲ သက်ဆင်းနေရသူတွေအဖို့ ငရဲတမျှ ဖြစ်၏။

YANG(Completed)Where stories live. Discover now