part-29{Uni}

8.7K 442 2
                                    

လူမှုစာမျက်နှာတချို့နှင့် ဝက်ဘ်ဆိုက်တချို့တွင် ယမ်းနှင့်စေးစက်၏ အိပ်ယာပေါ်က အဝတ်ကင်းမဲ့နေသည့် ဓာတ်ပုံများဟာ ၂၄နာရီအတွင်း ပလူပျံအောင် တက်နေလျက် ရှိသည်။

အကြမ်းဖက်သမားများက မြို့ပြင်က တိုက်တစ်လုံးထဲ စေးစက်တို့ နှစ်ယောက်ကို ထားခဲ့ကြတာ ဖြစ်သည်။

ယမ်း၏  မော်ဒယ်မြင့်ကားကို သူတို့က ဓားပြတိုက် ယူသွားခဲ့တာ ဖြစ်သည်။

ပစ္စည်းဆိုတာ မမြဲသော သင်္ခါယတရားမို့ စေးစက်တို့ အသက်ခန္ဓာကသာ အရေးကြီး လှသည်။

အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်က    ပစ္စည်းယူရုံတင်မက စေးစက်နှင့်မိုးထိယမ်းရဲ့ မဟုတ်မဟတ် ဓာတ်ပုံများကို ဖန်တီး၍ အရှက်တကွဲ ဖြစ်အောင် ဖြန့်ဖြူးခဲ့ခြင်း ဖြစ်သည်။

ကောင်းသတင်းသည် အလွယ်တကူ ပျံ့နှံ့ဖို့ ခဲယဥ်းပေမဲ့ မကောင်းသတင်းသည် အခကြေးငွေ ပေးစရာမလိုအောင် လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလျက် ရှိသည်။

စေးစက်၏ ပတ်ဝန်းကျင်မှာ စေးစက်ရဲ့ သတင်းက ကလေးမှခွေးအဆုံး သိသော ဟိုးလေးတကျော် သတင်းတစ်ပုဒ် ဖြစ်လို့ နေသည်။

တစ်သက်လုံး တည်ဆောက်ခဲ့ရသော စေးစက်၏ ဂုဏ်သိက္ခာတွေဟာ လုပ်ဇာတ် ဓာတ်ပုံတချို့ကြောင့် အပုံလိုက် ပြိုကျ သွားခဲ့ရပြီ။

ကဲ့ရဲ့သည့် အကြည့်များ၊ ပုံစံလေးနှင့် မထင်ရဘူးဆိုတဲ့ အကြည့်များ၊ လည်ပြန် စူးစိုက်သည့် အကြည့်များ၊တိုးတိုး တိုးတိုး တွတ်ထိုးနေသော မကြားနိုးနား စကားများ၊ စေးစက်တို့ အိမ်ဟာ ယခုအခြေအနေမှာ ပြတိုက်ထက်တောင် လူကြည့် ပိုများနေသည်။

စေးစက်သာ ​ဆယ်လီတစ်ယောက်ဖြစ်လျှင် မီဒီယာသမားများလို မိုက်ကိုယ်စီဖြင့် ဆွဲထွက်လာကြမဲ့ ပတ်ဝန်းကျင်က လူများသည် ပမာဏ နည်းမည်  မထင်။

စေးစက်က ဖြေရှင်းပြတော့ရော ဘယ်သူက ယုံပေးမှာမို့လဲ။ဘယ်သူ့ကိုမှ ဖြေရှင်း မပြချင်သလို အပြင်ကိုတောင် ထွက်ချင်စိတ်မရှိ။ခုရက်ပိုင်း စေးစက် အလုပ်လည်း မသွားတော့ပါ။

YANG(Completed)Where stories live. Discover now