part-30{zawgyi}

2.9K 68 1
                                    

!စေ့စပ်ကြောင်းလမ်းခြင်း မင်္ဂလာ!

အပြောကျယ်လှသော ကောင်းကင်ပြာပြာအောက်တွင်ကား ငိုအားထက် ရယ်အားသန်ရသော ဖြစ်စဉ်လေးတစ်ခုရှိလေသည်။

စေးစက်ရဲ့အိမ်ရှေ့တွင် ကားအကောင်းစားများက နေရာလပ်မကျန် နေရာယူထားလျက်ရှိပြီး မင်္ဂလာသတင်းတစ်ခုကြောင့် ခါတိုင်းထက် စည်ကားသိုက်မြိုက်လျက်ရှိ၏။

ပတ်ဝန်းကျင်ဆိုတဲ့ ဝေဖန်ပြောဆိုသံများကို ရပ်စေချင်တာက တကြောင်း၊ဉီးရဲ့ သားနှင့်မခြား တောင်းဆိုငဲ့ကွက်လာတဲ့ ကရုဏာသက်စကားများက တကြောင်း၊မေမေ့ရဲ့ နည်းလမ်းကျတဲ့ တိုက်တွန်းချက်များ​က တကြောင်း၊မည်သည့်အရာကိုမှ ပစ်ပယ်ဖို့မဖြစ်နိုင်တဲ့ အကြောင်းတရားများ၏ ဉီးတည်ချက်ဟာ မိုးထိယမ်းနှင့်စေးစက် အကြောင်းဖက်ဖို့ပင် ဖြစ်သည်တဲ့။

ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့ စေးစက်ကို အသက်ငယ်ရွယ်နုနယ်သည့် ယောကျာ်းသားဖြစ်တဲ့ မိုးထိယမ်းက လူကြီးစုံရာရှေ့မှောက်မှာ လာရောက်တောင်းရမ်းသည့် ကိစ္စဟာ တွေးလေ စေးစက်ကို အရှက်သည်းစေလေဖြစ်သည်။

အမှန်တကယ်ဆို စေးစက် အိမ်ထောင်မပြုချင်သေးပါ။တချို့ပြောကြတာကို ကြားဖူးတာ လက်ထပ်ခြင်းဆိုတာ လွတ်လပ်ခြင်းတွေ ဆုံးရှုံးခြင်းကို ဆောင်သည်တဲ့။

မနေ့ညသည် အတွေးပေါင်းတစ်သောင်းဖြင့် စေးစက်ကို အိပ်မပျော်စေပါ။စေးစက်လက်ထပ်ပြီးလျှင် မေမေက အကိုလင်းထက်ထင်အိမ်မှာ သူ့မြေးမလေးနှင့် နေမည်ဟုပြောသည်။

စေးစက် ကလေးတွေကရော ဘယ်သူနှင့် နေကြမလဲ။မိုးထိယမ်းက စေးစက်ကလေးတွေကို မကြည် ဖြူလို့ မခေါ်နိုင်ဘူးဆိုလျှင် ဘယ်လိုလုပ်မလဲ။

သူ့ဘာသာ ကြည်ဖြူဖြူ၊မကြည်ဖြူဖြူ စေးစက်ခွေးနှစ်ကောင်နှင့်ကြောင်လေးကောင်ကို ထားမပစ်ခဲ့နိုင်ဘူး။သူတို့ အစာမှစားပါ့မလား၊နေမှကောင်းပါ့မလား အမျိုးမျိုးတွေးစိတ်ပူနေရမှာကို စေးစက် ဒဏ်မခံနိုင်။

ထို့ကြောင့် ကလေးတွေကို လက်ခံနိုင်မှ သူ့ကို ယူနိုင်မည်ဖြစ်သည်။သူ့ကိုမယူရလို့ တံတွေးခွက်ထဲ ပက် လက်ပဲမျောမျော၊မှောက်ရက်ပဲမျောမျော ကလေးတွေပါခေါ်ရမှ သူနဲ့ လိုက်နေနိုင်မည်။

YANG(Completed)Where stories live. Discover now