part-25{Uni}

9.5K 522 6
                                    

အေးစက်စက်စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကိုအမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပြီး နူးညံ့သော၊လတ်ဆတ်သော အချစ်တွေဖြစ်သည် ဟူ၍လည်း သတ်မှတ်နိုင်လေသည်။

အိမ်ထဲကိုထိုးဖောက်မြင်နိုင်သော ခြံစည်းရိုးကို ကျော်လွန်ပြီး ခွေးတွေ၊ကြောင်တွေနဲ့ ကြည်နူးနေသည့် အပြစ်ကင်းစင်တဲ့ ပုံရိပ်တစ်ခုကို ကားဘော်ဒီတွင် စတိုင်ကျကျမှီရပ်ရင်း ရှုစားနေတဲ့ယမ်းသည် ခက်ခက်ခဲခဲ အသက်ရှူနေရပါသည်။

ယမ်းနှုတ်ခမ်းသည် နွေးထွေးတဲ့အပြုံးတစ်ခုကို ခပ်ဟဟ လှစ်လွင့်ထားတာကတော့ သူ့နှလုံးသား၏ စစ်မှန်သောအချစ်လက္ခဏာပင် ဖြစ်နိုင်သည်။

နှလုံးရှိတဲ့ရင်ဘတ်နေရာက အသံတစ်ခုကို ထပ်ခါထပ်ခါ ထုတ်လွှင့်နေတယ်။လေတွေက သူ့ကို ကလူကျီစယ် ပြနေတယ်။

သေချာခဲ့တယ်။

သူ့အချစ်က အစွန်းရောက်နေပြီ။

ဂျက်တို့ ဂျွန်တို့နားမှ ဆတ်ခနဲ! ထရပ်လိုက်တဲ့ စေးစက်သည် ဆွဲငင်အားတစ်ခုကြောင့် မျက်လုံးများကခြံစည်းရိုးအပြင်ဘက် ဆွဲယူသွားတာ ထူးဆန်းလိုက်တာ။

မြင်လွှာထဲကိုတိုးဝင်လာတဲ့ ထောင့်ကျိုးသည် မကျိုးသည် ကောင်လေးက နံနက်ခင်းစိုစိုစိမ်းစိမ်းရဲ့ညို့ယူမှုကြောင့်လား ဘာလား တစ်မျိုးတစ်မည်ဖြင့် စေးစက်ရင်ထဲ သိမ့်ခနဲ လှမ်းဝင်လာသည်။

စေးစက်အာရုံတွေက ရှုပ်ပွလာပြီး နှလုံးသားက ကျဥ်းကျဥ်းကျပ်ကျပ် ခံစားလာရသည်မှာ ထိန်းချုပ်နိုင်ခြင်းဆိုတဲ့ အသိတရားဟာ စေးစက် ခပ်ဝေးဝေးကို ရှောင်ပြေးသွားတာဖြစ်မည်။

ပူလောင်လာတဲ့ရင်ခုန်သံတွေဟာ ခြံစည်းရိုးအပြင်ဘက်က တစ်ယောက်နဲ့ မိတ်ဆွေသွားဖွဲ့နေတာများလား။အဝေးကနေဆွဲယူနေတဲ့အကြည့်လှိုင်လှိုင်က စေးစက်စိတ်နှလုံးကို နှောင်တွယ်ရစ်ဖို့ကြိုးစားနေတာ ရယ်စရာပြက်လုံးသဖွယ်။

အဲ့ဒီမှာ ရူးပြီးကျန်ခဲ့!ဆိုတဲ့ အကြည့်စူးစူးတို့ဖြင့် စာချွန်လွှာပါးတဲ့ စက္ကူငှက်လေးပမာ ပစ်ပေါက်ခဲ့ပြီး ပြေးသည် မပြေးသည်မည်တဲ့ ခြေလှမ်းလွလွတို့ဖြင့် အိမ်ပေါ် စေးစက်အရောက်တက်နိုင်ခဲ့ပြီ။

YANG(Completed)Where stories live. Discover now