နံနက်စာအဖြစ် တည်ခင်းထားသည့် မုန့်ဟင်းခါးအနံ့က ခါတိုင်းထက်ပိုမွှေးနေတာကြောင့် ဦးမိုးသစ္စာမှာ နေဖင်ထိုးအောင်အိပ်မည့် သားတော်မောင်အား ခေါ်တော်လွှတ်ရပြန်၏။
"မုန့်ဟင်းခါးအနံ့က မွှေးလှချည်လား။စတိုင်ပြောင်းချက်ထားတာလား ဒေါ်လုံး"
"ဒီနေ့က ဒေါ်လုံးတို့ချက်တာမဟုတ်ဘူးမောင်မိုး"
"ဟမ်!"
ဦးမိုးသစ္စာက ဒေါ်လုံးကို နားမလည်သလို ကြည့်ပြီးမှ
"ဒါဆိုဘယ်သူ..."
"စေးစက်ချက်တာ ဦး"
ဖြူဆွတ်ဆွတ် ပျော့အိအိ အင်္ကျီလက်ရှည်ကို မည်းနက်နက်စတိုင်ပန်နှင့် တွဲဝတ်ထားသော ဆရာလေးက ကြော့ရှင်းလွန်းနေ၏။ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့ အပြိုင်ကြဲနေသော မျက်နှာက နှင်းဆီပွင့်ဖတ်လေးလို။
"ထိုင် ဆရာလေး"
"ဟုတ်"
"ဆရာလေးက မုန့်ဟင်းခါးလဲချက်တတ်တာပဲလား"
"အကြိုက်ဆုံးအစားအစာမို့ သင်ထားတာဦး"
"ဘာပဲဖြစ်ဖြစ် တတ်ထားတော့ ဘယ်သူ့မှခစရာမလိုတော့ဘူးပေါ့။စားချင်တဲ့အချိန် ကောက်ချက်လိုက်ရုံပဲ"
"စကားမစပ် ဦးကိုပြောမယ် ပြောမယ်နဲ့ ခုထိကိုမပြောဖြစ်သေးဘူး"
ဘာများလဲဆိုတဲ့ အရိပ်အယောင်ဖြင့် ဦးက စိတ်ဝင်တစား ကြည့်နေ၏။
"ဟို!ဆရာလေး ဆရာလေးနဲ့ တစ်စိမ်းဆန်သလိုပဲ"
ဆရာလေးပြောချင်တာကို ဦးမိုးသစ္စာ တန်းသဘော ပေါက်ပါ၏။ဆရာလေးအစား တခြားနာမ်စား မသုံးခဲ့သည်က အကြည်ညိုပျက်တယ်ဟု မထင်မှား စေချင်သောကြောင့်။
"ဆရာလေး!အို..ဦးကို ဘယ်လိုခေါ်စေချင်သလဲသာ ပြောတော့ကွယ်"
နှုတ်ကျိုးနေသည်မို့ ဦးမှာ ပြောင်းခေါ်ဖို့ခက်နေ၏။
"ဆရာလေးကလွဲပြီး ဦးကြိုက်သလို ခေါ်လို့ရပါတယ်"
ဦးက ခဏနေပြီးမှ
"သားစေး ဆိုရင်ရော"
"ရတယ်ဦး စေးစက် ကြိုက်တယ်"
YOU ARE READING
YANG(Completed)
Romanceကျုပ်ကိုထိန်းချုပ်လို့ရမယ်လို့ခင်ဗျားထင်နေလား~~~ မိုးထိယမ်း ငါ့ဦးနှောက်ထဲမှာမင်းကအလုပ်သဘောသက်သက်ပဲ~~~ စေးစက်ထင် .................... ကျုပ်ကိုထိန်းချုပ်လို့ရမယ်လို့ခင်ဗျားထင်နေလား~~~ မိုးထိယမ်း ငါ့ဉီးနှောက်ထဲမှာမင်းကအလုပ်သဘောသက်သက်ပဲ~~~ စေးစက်ထင်