part-10{Uni}

10.1K 537 4
                                    

အပူရှိန်များ တဖြည်းဖြည်းလျော့ပါးလာသည်နှင့်အမျှ  တိမ်ဖြူသားများက နီကျင်ကျင် ဝါကျင်ကျင် အရောင်များသန်းနေသည်။ 

မှိုင်းပြပြညနေခင်းအောက် သုံးထပ်တိုက်ကြီး၏ မျက်နှာစာတွင် လျှံဝါညီးညီးမီးရောင်တို့  လက်ခနဲဖြစ်သွားသည်မှာ အမှောင်ထုအား ကြို၍စိန်ခေါ်လိုက်သည့်နှယ်။

အထောက်မတတ်မြင့်မားနေသော ကျောက်စိမ်းပင် ခပ်အုပ်အုပ်ကြားရှိ ကျောက်သားတန်းလျားလေးက အအေးဓာတ်တို့ တစ်စတစ်စမြင့်တက်နေသော်ငြား သူ့ကိုစွန့်ခွာမသွားသေးဘဲ ခင်တွယ်နေသူလေးကြောင့် အထီးကျန်မှုတို့ ဝေးလေစွ။

တဖွဲဖွဲ ဝင်ထွက်သွားလာသူများဖြင့် ခြေချင်းလိမ် ယှက်နေသော ထိုတိုက်ကြီးထဲတွင် မျက်စိသငယ်နားသငယ်နေရသည်ထက် ဒီတန်းလျားလေးမှာ ထိုင်ရသည်က စေးစက်အတွက် ပိုအေးချမ်းပါ၏။

အမှောင်ထုတို့အားကြီးလာသည်တမျှ တိုက်အရှေ့ မီးရောင်တို့က ညဘက်မြင်ကွင်းကိုပိုရုပ်လုံးဖော်ပေးလျက်။

ညနေဘက်တည်းက ပျောက်သွားတဲ့ ထိုလူ့ကို ယမ်း ခုမှ ရှာပုံတော်စဖွင့်နေရခြင်းဖြစ်၏။ကြီးကြီးရဲ့ သားနဲ့ပါလာတဲ့ခလေးကို ညစာစားဖို့ ခေါ်ခဲ့!ဟူသော စကားကြောင့် ဦးနှော
က်ဆီဝင်လာတဲ့ အာရုံနောက်ဖွယ်ထိုလူ့ပုံရိပ်တွေ။

ဆွေမျိုးနီးစပ်ရွယ်တူညီကိုတို့ဖြင့် ဝိုင်းဖွဲ့စကားဖွဲ့နေကြသည်မို့ ယမ်း ထိုလူ့ကို အမှတ်ပင်မရ။ကားမူးလို့ အိပ်များနေတာလား!ဆိုပြီး သူတို့နှစ်ယောက်အတွက် ပေးထားတဲ့အခန်းဆီ တက်ကြည့်လျှင်လည်း အရိပ်ပင်မတွေ့။စေးစက်ထင်တို့က အာရုံလာနောက်ပြီ!။

လှေကားထစ်တွေကို နင်းခြေဆင်းပြီးနောက် အော က်ထပ်တစ်လျှောက် ပတ်ရှာ ပတ်မေးသော်လည်း အကျိုးမထူး။ဒါနဲ့ပဲ အပေါက်ဝမှာ ခါးထောက်လျက်ဖြစ်နေတဲ့ ယမ်းက စိတ်ပျက်လက်ပျက်!။

တိုက်၏ မျက်နှာစာတစ်လျှောက် ဦးတည်သွားတဲ့ ယမ်းရဲ့ ခြေလှမ်းတွေ ရပ်သွားခြင်းက မီးရောင်ကျဲကျဲအောက် ခြင်တွေကို သွေးလှူဒါန်းနေတဲ့ ကုသိုလ်ရှင်ကြီးကြောင့်။မပျင်းမရိ တစ်ယောက် တည်းထိုင်ပြီး ဘာလုပ်နေမှန်းမသိတဲ့ ထိုလူ့ရှေ့ ယမ်း ရပ်ပြီးလျှင် သူ့ကိုမော့ကြည့်လာတဲ့ မျက်လုံးစိန်းစိန်းတွေကြောင့် စိတ်တိုရပြန်၏။

YANG(Completed)Where stories live. Discover now