part-18{zawgyi}

3.1K 63 1
                                    

လူပျိုကြီးဘဝကို အပြီးနှုတ်ဆက်ရတော့မည့် စေးစက်ရဲ့ တစ်ဉီးတည်းသောအကိုအား ငေးကြည့်ရင်း ကျေနပ်ခြင်းများစွာ၊ပျော်ရွှင်များစွာဖြင့် တစ်ပွေ့ တစ်ပိုက်ကြီး ပြုံးထားမိပါ၏။

အို...!စေးစက် ဝမ်းနည်းနေမိတာလား။စေးစက်ရင်ထဲ မငြိမ်မသက်ဖြစ်ကာ တိုးလှုပ်လာသည်။

မျက်လုံးထဲတွင် ရစ်သိုင်းလာသည့် မျက်ရည်ဥလေးတွေကို မျက်တောင်တဖျပ်ဖျပ်ဖြင့် ပုတ်ထုတ်နေမိပါသည်။

စေးစက်ဖြစ်စေချင်သည့်အတိုင်း အကိုနဲ့မမဇွန်ဇူးသည် မကြာခင်တွင် စုလျားရစ်ပတ်တော့မှာမဟုတ်ပါလား။အကို မမဇွန်ဇူးကို လက်ထပ်ဖို့အရေး ပွဲဆူနေခဲ့တာ စေးစက်ပင် ဖြစ်သည်။

ဒီနေ့လိုရက်မြတ်ကို ခုန်ပျံကျော်လွှား ရောက်ချင်ခဲ့တာ စေးစက်ပါပဲ။အမှန်စင်စစ် ရောက်လာခဲ့တဲ့ အချိန်မှာ စေးစက်သည် ထင်ထားသလောက် ရာနှုန်းပြည့် မပျော်နိုင်ပါ။

အဖေတစ်ယောက်လိုဖြစ်ခဲ့တဲ့ စေးစက်အကိုကို တကယ်ပဲ မမဇွန်ဇူးလက်ထဲ အပ်လိုက်ရပြီဆိုတဲ့ အတွေးလေးတစ်ချက်ဟာ နှလုံးအိမ်ကို အေးခနဲ!လာရိုက်ပါသည်။

ဝမ်းနည်းခြင်းမှ မြစ်ဖျားခံလာတဲ့ မျက်ရည်တွေ သည် ပြည့်အိုင်လာကာ မဖုံးနိုင်မဖိနိုင် ပါးပြင်ပေါ် နွေးခနဲ!စီးကျလာခဲ့ပြီ။

ကိုယ်နှစ်နှစ်ကာကာမြတ်နိုးတဲ့ ပစ္စည်းလေးတစ်ခုလိုကြည်ဖြူစွာ ပေးအပ်ခဲ့သော်ငြား တစ်သက်လုံး တန်ဖိုးဖြတ်မရတဲ့ ၅၂၈မေတ္တာတွေဟာ စေးစက်ရင်ကို အပိုင်းပိုင်း ကွဲအက်စေပါတယ်။

မျက်ရည်တွေဟာ အရှိန်ပြင်းပြင်းစီးဆင်းနေတဲ့ တောင်ကျရေတွေလို ကျမြဲ စီးဆင်းမြဲ ဖြစ်သည်။တကယ်ပါလေ မျက်ရည်တွေကို စေးစက် မဟန့်တားနိုင်ခဲ့ပြီ။မထိန်းထားနိုင်ခဲ့ပြီ။

"အကို့ကို ဒီကြယ်သီးလေးတပ်ပေးအုံး ငယ်.."

အကိုလင်းထက်ထင် လှည့်ကြည့်ပြီး ပြောလာတော့ စေးစက်မျက်ရည်တွေကို ကမန်းကတန်း သုတ်မိ သည်။

သုတ်ခနဲ! စေးစက်ရှေ့ ထိုင်ချလာတဲ့ အကိုသည် စေးစက်ကို စိုးရိမ်ပျာပျာ ကြည့်လာသည်။

YANG(Completed)Where stories live. Discover now