part-19{Uni}

9.2K 491 5
                                    

ပူပြင်းသည့် နွေရာသီကျောင်းပိတ်ရက်တွေ တဖြည်းဖြည်းကုန်လွန်လာပြီးတဲ့နောက် ရှေ့အပတ်တွင် ဤကျောင်းတော်ကြီးမှာ ကလေးငယ်များ၏ခြေရာတွေဖြင့် ပြည့်နေမှာကို မျှော်တွေးရင်း စေးစက်ထင်သည် သက်ပြင်းသဲ့သဲ့ကို ချလိုက်သည်။

သစ်ရွက်ခြောက်တွေပေါ် နင်းဖြတ်နေသည့် စေးစက်ထင်၏ ခြေသံ တချွတ်ချွတ် တရှပ်ရှပ်မှလွဲ၍ ကျောင်းတော်ကြီးက တိတ်တိတ်ကလေး နှုတ်ဆိတ်နေပါသည်။

သော့ခတ်ထားသည့် တတိယတန်း (C)ခန်းရှေ့မှာ ဖုန်တလိပ်လိပ်နှင့် တွန့်လိမ်နေတဲ့သစ်ရွက်ခြောက်များက ပိုင်စိုးထားပါသည်။

စာသင်နှစ်တစ်နှစ်ဟာ ကလေးတွေနဲ့စေးစက်အတွက် အမှတ်တရ၊ပျော်ရွှင်စရာ အချိန်ကလေးများ ကျန်ရစ်နေခဲ့တာ ဒီစာသင်ခန်းလေးက အသိဆုံးဖြစ်မှာပါ။

လေးတန်းတက်သွားမဲ့ စေးစက်အတန်းက ကလေးတွေအတွက် ဝမ်းသာမိသလို တတိယတန်း (C)ကို ရောက်လာမဲ့ကလေးတွေကို မကြိုဆိုနိုင်မည့်အတွက်လည်း စေးစက် ဝမ်းနည်းမိပါသည်။

မြင်နေရတဲ့စာသင်ခန်းလေးထဲ ကလေးတွေနှင့် အပေးအယူမျှခဲ့တဲ့ အခိုက်အတန့်များကို စေးစက်ဘဝတစ်လျှောက် မေ့နိုင်တော့မယ်မထင်ပါ။အတွေ့ အကြုံသစ်တွေလည်း ခံစားခွင့်ရတာမို့ လွမ်းမောရတော့မှာ အမှန်ပင်။

မတတ်နိုင်တော့ပြီ။စေးစက်၏ ဆုံးဖြတ်ချက်တို့ပြတ်သားနိုင်ခဲ့သည်မှာ သွေဖယ်မရတဲ့ အကြောင်း တရားများက မိမိရှေ့ကို စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေတော့လည်း။

!ကျောင်းဆရာအဖြစ်မှ ထွက်စာတင်ခဲ့ပြီး!ဖြစ်တဲ့ စေးစက်သည် နောက်ကြောင်းပြန်လှည့်ပြီး တသသ မကျန်ရစ်အောင် စိတ်ကို ကြံ့ခိုင်ထားပါသည်။

ဘဝမှာ လုံးဝမေ့ပျောက်မသွားမဲ့ ခပ်ဆိုးဆိုးကောင်လေး စံမြန်းနေတဲ့ အိမ်ကြီးဆီသို့ ရောက်လာခဲ့တဲ့ စေးစက်ခြေလှမ်းတွေ။

ရုတ်တရက်မြင်လိုက်ရတဲ့ စေးစက်ကြောင့် ဦးကဝမ်းသာသလိုရှိသော်ငြား အထုတ်အပိုးတွေ ပါမလာတဲ့ စေးစက်ကြောင့် စိတ်ထင့်သွားပုံလည်းရသည်။

YANG(Completed)Where stories live. Discover now