ပြက္ခဒိန်မှစာရွက် တစ်ရွက်ပြီးတစ်ရွက် ဆုတ်ဖြဲလာပြီးသည့်နောက် တစ်နှစ်ဆိုတဲ့ အချိန်တစ်ခုလွန် မြောက်ဖို့ရာ ခပ်ပါးပါးပြက္ခဒိန်လေးက ဝမ်းနည်းစွာအသိပေးနေပါတယ်လေ။
အငြိုးကြီးတဲ့မိုးသည်းတွေ ကုန်ခမ်းသွားလေသော် ဟေမန်ဆောင်းရဲ့ နှောင်းပိုင်းက နှင်းနုလေးတွေ တဖွဲဖွဲဖြင့် အချမ်းပိုနေလေပြီ။
ည၇နာရီထိုးတိုင်း မျက်မှောင်ကြုတ်ချင်သလို မျက်လုံးစိမ်းစိမ်းတွေနဲ့ ကြည့်တတ်တဲ့ ကောင်းလေးတစ်ယောက်ဆီ အထိန်းတော်ကြီးသဖွယ် အမြဲအခ စားဝင်နေရတဲ့ အချက်ပေးနိုးစက်လေးရှိတယ်ဆိုတာ မင်းတို့ယုံမလား။
ရင်ခုန်သံတွေပေါက်ထွက်မတတ် ခုန်နေတဲ့ကောင်လေးက မသိသလို တိတ်တဆိတ် လှုပ်ရှားမှုနိုးစက်လေးကို တဖျောက်ဖျောက်ကြွေနေခဲ့တာ ကာယကံ ရှင်ဖြစ်သူ မသိသေးပါလား။
ရေစက်ဆိုးတွေ ကုန်ချင်ပြီမို့ ကျန်သေးတဲ့အချိန်တွေကို လက်ချိုးရေတွက်ရင်း မစိမ်းသက်တော့တဲ့ အခန်းတစ်ခုဆီ စေးစက် လှမ်းခဲ့လေတော့ ချပ်!ခနဲ ပွင့်လာသည့်တံခါးရှေ့ မျက်ခုံးတွေတွန့်ချိုးထားတဲ့ မိုးထိယမ်းက ဘွား!ခနဲပေါ်လာပါသည်။
"၇နာရီ ၂မိနစ် ၃၀စက္ကန့် ရှိပြီ။၂မိနစ်နဲ့ ၃၀စက္ကန့်ခင်ဗျားနောက်ကျတယ်"
"၉နာရီ ၂မိနစ် ၃၀စက္ကန့်ထိ နေပေးမယ်"
အပြုံးချိုချိုလေးတစ်ခု ဖြစ်ထွန်းသွားသည်ကို စေးစက်ကျောပေးခဲ့ပြီမို့ မတွေ့ရတော့ပေ။
ကုန်ဆုံးခဲ့တဲ့နေ့တွေကို ပြန်တူးဖော်ကြည့်လျှင် မိုးထိယမ်းနဲ့ သင့်မြတ်ခဲ့တဲ့ရက်က အမှတ်တရအနေနဲ့ စတားပြပြီး သိမ်းထားလို့တောင် ရသည်။
တစ်ခါတစ်လေ တွေးမိတယ် မိခင်ရဲ့နွေးထွေးတဲ့ ယုယ ကြင်နာမှုအောက်မှာ မကြီးပြင်းခဲ့ရတဲ့ ကလေးတွေဟာ အရိုင်းတုံးလေးတွေလို ဆိုးနေတတ်ပါလေလားဟူ၍။
လောကကြီးမှာ ငွေကြေးဟာ ဆရာတစ်ဆူလို လိုအပ်ပါသော်လည်း ချစ်ချင်းမေတ္တာ၏ အနွယ်တော်တြွေဖစ်တဲ့ အကြင်နာ၊စေတနာ၊ကရုဏာ၊အနစ်နာ၊နွေးထွေးမှုတွေဟာလည်း အရေးတကြီးအကျုံးဝင်နေခဲ့တာပါပဲလေ။
YOU ARE READING
YANG(Completed)
Romanceကျုပ်ကိုထိန်းချုပ်လို့ရမယ်လို့ခင်ဗျားထင်နေလား~~~ မိုးထိယမ်း ငါ့ဦးနှောက်ထဲမှာမင်းကအလုပ်သဘောသက်သက်ပဲ~~~ စေးစက်ထင် .................... ကျုပ်ကိုထိန်းချုပ်လို့ရမယ်လို့ခင်ဗျားထင်နေလား~~~ မိုးထိယမ်း ငါ့ဉီးနှောက်ထဲမှာမင်းကအလုပ်သဘောသက်သက်ပဲ~~~ စေးစက်ထင်