part-23{zawgyi}

3K 70 2
                                    

စားပွဲပေါ်က နှင်းဆီဖြူဖြူပန်းစည်းလေးကို စိုက်ကြည့်လျက် နှုတ်ခမ်းမှာ အပြုံးတွေချိတ်ဆွဲထားတဲ့ ကောင်လေးသည် သူ့မျက်ဝန်းထဲ ပုံရိပ်လေးတစ်ခုက နေရာယူထားသည်။

ဥရောပကဝယ်လာတဲ့ မိုးပြာရောင်ဘူးခွံလေးထဲမှ ငွေမျှင်ရောင်အသည်းပုံဆွဲကြိုးလေးသည် ပန်းစည်းလေးဘေးမှာ ပိုင်ရှင်ဖြစ်သူကို စောင့်မျှော်နေပါသည်။

ယမ်း ဒီနေ့ပျော်နေသည်။

သူ့ရင်ထဲကအချစ်တွေကို အကုန်ထုတ်ပြတော့မှာမို့ဖြစ်သည်။

သူ့အချစ်တွေကို ဖွင့်ဟဖို့အတွက် နှလုံးသားက တစ်လုံးစီ စီကုံးနေပါသည်။

ဒီနေ့ရာသီဥတုက တကယ်သာယာတာပါလား။

ဆုံလည်ထိုင်ခုံမှ ထပြီး အပြင်ကိုမြင်နိုင်မဲ့ မှန်နံရံဘက်ဆီ သွားရပ်စဉ် ယမ်းရင်ထဲ အမည်မဖော်နိုင်တဲ့ ဝမ်းနည်းမှုတို့ ခံစားလာရသည်။တစ်ဆက်တည်း သူ့နှလုံးသားမှာ ဗုံးတွေတစ်လုံးပြီးတစ်လုံး ပေါက် ကွဲသည်။အသည်းတွေ တစ်စဆီ ကျိုးပဲ့ပျက်ကျနေသလို မြင်ကွင်းက ဆိုးရွားလှပါ၏။

အပြုံးမရှိ အကြည်ဓာတ်မရှိသည့် မျက်နှာဖြင့် showroomရှေ့ကလူနှစ်ယောက်ကို အပေါ်စီးကနေ ကျောက်ရုပ်လို ယမ်းရပ်ကြည့်နေပါသည်။ယမ်း မမှိတ်မသုန်ရှုတည်နေတဲ့ မြင်ကွင်းက

"ဖူး"

မျက်လုံးဖူးဖူးလေးထဲက အမှုန်တစ်ချို့ကို လေလေးဖွဖြွဖင့် စိုင်းနော် ညင်သာသာထုတ်မှုတ်သည်။

"ဖူး"

စေးစက်က အမှုန်ဝင်နေတဲ့မျက်လုံးကို လက်ညိုးနဲ့ပွတ်မည်လုပ်တော့

"မပွတ်သေးနဲ့ဉီး ပိုစပ်လိမ့်မယ်။ပြောင်အောင် အကိုလုပ်ပေးမယ်"

"ရပြီ အကိုစိုင်းနော်။စေးစက် အဆင်ပြေပြီ"

မျက်လုံးမှာ မျက်ရည်စတွေစို့နေတာမို့ စိုင်းနော် သနားမိသည်။မျက်ရည်စတွေကို စိုင်းနော် အသားလွတ်မုန်းမိ၏။

"ဖြေးဖြေးမောင်းအကိုစိုင်းနော်"

"သြော် အကိုဒီနေ့ဂျူတီရှိတယ် လာမကြိုနိုင်ဘူး။ဂရုစိုက်ပြန်နော် ရောက်ရင်လဲဖုန်း"

YANG(Completed)Où les histoires vivent. Découvrez maintenant