Chapter(89):ရလဒ်ကောင်းများ-1

Start from the beginning
                                    

သူတို့နှစ်ယောက်သား စကားတွေပြောနေကြရင်း မကြာခင်မှာပဲ သူတို့လှည်းလုံးက ကျိုးအိမ်တော်ရဲ့ဝင်ပေါက်ရှေ့ ဆိုက်ရောက်သွားပြီးတော့ ရပ်နားလိုက်တယ်။ ဆိုင်ရှင်က သူတို့တွေကို ကြိုဖို့ဝင်လာခဲ့တယ်။

အဲ့အချိန်တွင် ချင်ရှုဝမ်းနဲ့ သူ့အကိုအကြီးဆုံး ချင်ရှုဝူတို့က ဧည့်ခန်းထဲတွင် စကားပြောနေကြတာ ဖြစ်တယ်။ ချင်ရှုဝမ်းတစ်ယောက် ရှုရန်နဲ့ ကျိုးယွင်တို့အတူတူ ဝင်လာတာကို မြင်လိုက်တာနဲ့ ချက်ချင်း သူ့မျက်လုံးတွေက သူတို့ရဲ့လက်တွေကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိတယ်။ သို့သော်လည်း သူတို့လက်တွေထဲမှာ ဘာတစ်ခုမှမရှိပဲ ကလေးနှစ်ယောက်ရဲ့လက်တွေကိုသာ သူတို့တွေ ဆုပ်ကိုင်ထားကြတယ် ဆိုတာကို သူမြင်လိုက်ရတဲ့အခါ သူ့မျက်နှာမှာ စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်သွားပုံက ရီလည်းရီချင်စရာ ကောင်းနေတယ်။

ဒါကိုမြင်လိုက်ရတော့ ကလေးနှစ်ယောက်က စိတ်ရှုပ်ထွေးသွားကြပေမဲ့ လက်ရှိရှိနေကြတဲ့ လူကြီးတွေအားလုံးကတော့ သူတို့ရဲ့ရယ်မောသံတွေကို အောင့်ထားနိုင်ဖို့အတွက် သူတို့ရဲ့ပါးစပ်တွေကို ကာထားလိုက်မိကြတယ်။ သေချာပေါက်ကို ဒီဖြစ်ရပ်ထဲတွင် နားဝေတိမ်တောင်ဖြစ်နေတဲ့ ယောက်ျားတစ်ယောက်လည်း ရှိနေပါသေးတယ်။ အဲ့လူကတော့ ချင်ရှုဝမ်းရဲ့အကိုအကြီးဆုံး ချင်ရှုဝူပဲ ဖြစ်တယ်။

သူချင်ရှုဝမ်းကို ကြည့်လိုက် ပြီးနောက် ရှုရန်နဲ့ လက်ရှိရှိနေကြတဲ့ တခြားလူနှစ်ယောက်ကိုလည်း ကြည့်လိုက်နဲ့ ဘယ်ဘက်ကြည့် ဒီဘက်ကြည့် ကြည့်နေမိတယ်။

ချင်ရှုဝမ်းကသူ့ဆီ ဒေါသထွက်နေတဲ့ အကြည့်တစ်ချက်ကို ပစ်သွင်းလိုက်တဲ့အခါမှာတော့ ကျိုးယွင်တစ်ယောက် နောက်တစ်ကြိမ် ထပ်မရယ်ရဲတော့ပါဘူး။ သူချင်ရှုဝူကို ရှင်းပြလိုက်တယ်။ "ရှုဝမ်းက ရှုရန်တို့အိမ်က အစားအစာတွေကို ကြိုက်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့တွေ ဘာတစ်ခုမှ မယူလာခဲ့ဘူးလေ။ အဲ့ဒါကြောင့် ရှုဝမ်းက အရမ်းစိတ်ပျက်လက်ပျက် ဖြစ်နေတာ။"

ကျိုးယွင်ပြောလိုက်တဲ့စကားတွေက ချင်ရှုဝမ်းကို ရှက်သွေးဖြာသွားမိစေပြီးတော့ သူ့ကို စိန်းစိန်းဝါးဝါး အကြည့်တစ်ချက် ပေးလိုက်ပြီးတော့ နှုတ်ပိတ်ရန် ကြိုးစားလိုက်တယ်။ ကျိုးယွင်က သူ့နှာခေါင်းကိုသူ ပွတ်သပ်လိုက်ပြီးတော့ သူဒါကို မမြင်လိုက်မိသလိုမျိုး ဟန်ဆောင်လိုက်တယ်။ သူရှုရန်ကို ခေါ်လာပြီးတော့ မိတ်ဆက်ပေးလိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now