Chapter(88):ဆောက်လုပ်ရေး အသင်း-2

Start from the beginning
                                    

လျိုထုံက ကောအချို့ကို ရွာရဲ့မြစ်ဆီ ခေါ်သွားလိုက်ပြီးတော့ သူတို့တွေ ဘယ်နေရာမှာ အဝတ်လျှော်လို့ရနိုင်သလဲဆိုတာကို ပြောပြလိုက်တယ်။

မြစ်ထဲမှာ ငါးသေးသေးလေးတွေ ရှိနေတာမို့ ဖမ်းပြီး ငါးစွပ်ပြုတ်ချက်စားလို့လည်း ရနိုင်တယ်။

ထို့နောက် သူတို့တွေလမ်းတွေကို မှတ်မိနေစေဖို့အတွက် ရွာအနှံ့ လမ်းလျှောက်ထွက်လိုက်ကြတယ်။ အသိမိတ်ဆွေတွေကို သူဆုံတဲ့အခါ လျိုထုံက နှုတ်ဆက်လိုက်ပြီးတော့ သူတို့တွေကို ဒီကောတွေနဲ့လည်း မိတ်ဆက်ပေးလိုက်တယ်။

ညအချိန်တွင် အိမ်မှာ လူတွေအများကြီး ရှိနေကြတာမို့ အချိန်တစ်ခဏလောက်တော့ ရှုရန်ရဲ့အိမ်တွင် သက်ဝင်လှုပ်ရှား ဆူညံတက်ကြွလျက် ရှိနေခဲ့တယ်။ တကယ်တမ်းမှာတော့ ရှုရန်တို့မိသားစုကလည်း အခုချိန်မှာ မီးပုံတစ်ခုပြုလုပ်ဖို့ လိုအပ်နေခဲ့တာ ဖြစ်ပြီးတော့ အခုချိန်မှာလည်း လူအများကြီးရှိနေတာမို့ မီးပုံတစ်ခု​ပေါင်းလုပ်ဖို့ သူ့အတွက် အဆင်သင့်ဖြစ်သွားခဲ့တယ်။ အဲ့ဒါကြောင့် ရှုရန်က မီးပုံပြုလုပ်ဖို့အတွက် သစ်သားအမြောက်အမြားကို ခုတ်ပိုင်းပစ်လိုက်တယ်။ ပြီးနောက် လူတစ်အုပ်စုလုံး ​နေကြာစေ့တွေစားကြရင်း ရေသောက်ကြရင်း မီးပုံဘေးပတ်ပတ်လည်တွင် ဝိုင်းထိုင်လိုက်ကြတယ်။ ရှုရန်က လူတိုင်းကို အရင်တုန်းက သူတို့တွေ တစ်ခါမှမကြားဖူးသေးတဲ့ ပုံပြင်တွေကို ပြောပြလိုက်တယ်။ ပုံပြင်တွေရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းတွေကို ကြားရတဲ့အခါ သူတို့တွေအားလုံး လက်ခုပ်သြဘာပေး ချီးမွမ်းလိုက်ကြတယ်။ ပြီးနောက် ညမမှောင်လာမချင်း သူတို့တွေ အိပ်ရာမဝင်ခဲ့ကြပေ။

. . .

နောက်တစ်နေ့မနက်ခင်းတွင် ရှုရန်က မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်နဲ့ အသားတွေ ဝယ်ယူဖို့အတွက် ​ကောအချို့ကို ခေါ်ဆောင်သွားဖို့ လျိုထုံကို ပြောလိုက်တယ်။ ပြီးတော့ ဝက်အသည်းနဲ့ ပေါင်အရိုးတုံးတွေကို များများပိုဝယ်ယူလာခဲ့ဖို့ သူသူ့ကို အထူးတလည်မှာလိုက်တယ်။

အိမ်မှာ အသည်းနဲ့ မွှေကြော်ချက်စားဖို့ အသင့်တော်ဆုံးဖြစ်တဲ့ ငရုတ်သီးဆားရည်စိမ်တွေ ရှိနေပြီးတော့ မနေ့ကမှ မြေကြီးထဲကနေ ဆွဲထုတ်လာခဲ့တဲ့ မုန်လာဥတွေလည်း ရှိနေတာမို့ သူဒါတွေကို ပေါင်အရိုးတုံးတွေနဲ့ စွပ်ပြုတ်ချက်ရာတွင် အသုံးပြုနိုင်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now