ဖြတ်သန်းခဲ့တဲ့နေ့တွေကို ပြန်စစ်လှန်လျှင် စေးစက်စိတ်နှလုံးထဲ ကိုယ်ချင်းစာစိတ်လေးတွေ ကိန်းအောင်နေမိတာအမှန်ပင်။မိခင်မေတ္တာကို ငတ်မွတ်ခဲ့တဲ့ ခပ်ထွားထွားကောင်လေးကို အရိုးခံနှလုံးသားက သနားမိရိုးဧကန်ပါလေ။

အမေဆိုတာ ကျောက်အရိုင်းတုံးလေးကို ကျောက်ကောင်းတစ်ပွင့်ဖြစ်အောင် အိုအေစစ်မေတ္တာတွေနှင့် သွေးသွန်သင်ပေးတာ နိယာမတရားမဟုတ်ပါလား။

အိုအေစစ်မေတ္တာတွေ မသောက်သုံးခဲ့ရတဲ့ ကောင်လေးက စေးစက်ဘေးမှာ ပေတေနေတာ သူသာ လျှင် အမှန်တရားတစ်ခုလို တွန့်ချိုးချိုးမျက်ခုံးတွေနဲ့ မှတ်ကျောက်ထူနေတတ်ပါ၏။

ဘုရားရေ!စေးစက်တောင် လူဆိုးလေးနဲ့အနေများပြီး သူတော်ကောင်းတရားတွေ မွှေးထုံနေပါကောလား။အိပ်မက်ဆိုးလိုစွဲနေတဲ့ မိုးတွေအသဲအထန် ရွာတဲ့ညကို မတွေးမိလျှင် စေးစက်က မေတ္တာရှင်စစ်စစ်ဖြစ်ပေမဲ့ ဖျတ်ခနဲ!သတိရမိရင်တော့ မီးဝင်းဝင်းမျက်လုံးတြွေဖင့် မကျေနပ်ချက်တွေက လှံတွေဓါးတွေလို သွေးဆာတတ်ခဲ့ပြီ။

ထိုအခါ ချွန်းမည်တဲ့ အသိဉာဏ်နဲ့ နှိမ်နှင်းခြင်း အတတ်ကိုပါ တစ်ဖက်ကမ်းခပ် တတ်မိပြီလေ။

ဘေးနားမှ ငိုက်ကျလိုက်ဆွဲတင်လိုက်လုပ်နေတဲ့မျက်နှာလေးကို ဖျတ်ခနဲ!ယမ်း ကြည့်မိစဉ် အတ္တကင်းတဲ့ လှောင်ရိပ်လေးတစ်ခု သူ့နှုတ်ခမ်းမှ လွင့်လာသည်။

ခင်ဗျားက တွက်နေတဲ့ သင်္ချာတွေထက် ပဟေဠိဆန်တဲ့မေးခွန်းတွေနဲ့ မိုးထိယမ်းနှလုံးသားကိုအဖြေထုတ်ခိုင်းနေတာ မရပ်သေးပါလား။

အနူးညံ့ဆုံး ရယ်ခဲ့ဖူး၊မကျေနပ်ချက်လေးတွေနဲ့ မသိမသာ စူနေတတ်တဲ့ ခင်ဗျားနှုတ်ခမ်းတွေကို နှလုံးသားရဲ့ အတ္တတွေနဲ့ မြဲနေအောင် ချည်နှောင်ချင်နေပြီ။

ငေးမောခြင်းအတတ်ကို စေးစက်ထင်နဲ့တွေ့မှ မိုးထိယမ်း မျက်လုံးတွေက အရည်ပျော်လုလု ရှုစားတတ်ခဲ့သည်မှာ အချိန်တစ်ခု တိုင်ခဲ့လေပြီ။

ခင်ဗျားရဲ့ မထိတထိ ခုခံတတ်တဲ့ အငေါ်စကားလေးတွေကို မကြားရမနေနိုင်အောင် စွဲလမ်းခြင်းအမှုဖြစ်ထွန်းနေတဲ့ နှလုံးသားမှာ ငွေသောင်ယံပေါ်နေပြီလေ။

YANG(Completed)Where stories live. Discover now