တစ္ဆေမျက်လုံး (၁၀)

Start from the beginning
                                    

“တစ်... တော့” ဒါက ညတိုင်း ထွက်ပေါ်လာတက်သည့် ရေကျသံဖြစ်ပြီး တချိန်တည်းတွင် ပြင်းထန်လှသည့် ငါးညှီနံပါ ပါဝင်နေသည်။

လုရီအန်း ကမျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးမှလူအား ကြည့်လိုက်သည်။

တစ္ဆေက ရောက်နေပြီးပြီ။

“ဟားဟားဟားဟားဟားဟား”

အမျိုးသမီးရဲ့ ရယ်သံက လေထုထဲမှ ထွက်ပေါ်လာခဲ့သည်။ အသံက တုန်နေပြီး အလွန်ကို လျှိုဝှက်ဆန်းကြယ်နေသည်။ ထိုအသံက နံရံကနေတဆင့် လူတွေရဲ့ နားစည်ကို တိုက်ရိုက် တိုးဝင်လာခဲ့ပြီး ကျယ်လောင်နေကာ ယောင်္ကျားတစ်ယောက်ရဲ့ ရူးနှမ်းနေသည့် ရယ်သံလိုမျိုး ပြောင်းလဲလာခဲ့သည်။ ရယ်သံက အကြိမ်ကြိမ် ထပ်တလဲလဲ ပေါ်ထွက်နေပြီး ရယ်သံက ကတိုက်ကရိုက်ဆန်နေကာ ကုတ်ခြစ်ခံနေရသလိုမျိုး ခံစားရစေသည်။

မာရန်ယု ကထိတ်လန့်သွားခဲ့ပြီး လီချောင်ရီ ရဲ့လက်မောင်းအတွင်း ကွေးသွားကာ စတင်ငိုကြွေးလာခဲ့သည်။ ငိုသံက အတော်လေး တိုးနေပေမဲ့ ထိုအသံက လီချောင်းရီ အားတိုက်ရိုက် ထိခတ်သွားပြီး ငိုနေမှန်း သေချာသိစေသည်။

လီချောင်းရီ တွင်သွေးလွှမ်းနေသည့် မျက်လုံးတွေရှိသည်။ သူ့နှလုံးခုန်သံက မြန်ဆန်လာတာကို ရှင်းလင်းစွာ ခံစားမိလိုက်ပြီး တင်းမာနေသည့် မာရန်ယု ရဲ့နှလုံးကလဲ အခုန်မြန်နေတဲ့ အသံကို သူကြားနိုင်နေသည်။

သူတို့နှစ်ယောက်က အမွှာတွေလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားကြသည်။

လီချောင်းရီ ကသူ့စိတ်ကို ပြင်ဆင်လိုက်ပြီး မာရန်ယု ရဲ့ကိုယ်ပေါ်မှ စောင်ကို ဆွဲဖယ်လိုက်သည်။ တစ်ဖက်လူက လန့်သွားပြီး သူ့ခြေထောက်ကို ပြန်ဆွဲလိုက်သည်။

သို့သော် မာရန်ယု က လီချောင်းရီ ဖယ်လိုက်မှန်း သိလိုက်ချိန်တွင် ရပ်လိုက်ပြီး သူ့ရဲ့ယုန်လေးလို မျက်လုံးနှစ်လုံးဖြင့် လီချောင်းရီ အားသနားစရာကောင်းစွာ ကြည့်လိုက်သည်။

လီချောင်းရီ ရဲ့နှလုံးသားက တင်းကြပ်သွားပြီး စောင်ကို သူ့ခေါင်းပေါ်သို့ ဆွဲလိုက်ပြီး စောင်အောက်ဝင်လိုက်ကာ တစ်ဖက်လူရဲ့ခေါင်းအား လက်နှစ်ဖက်လုံးဖြင့် ဆွဲလိုက်ပြီး မာရန်ယု ရဲ့နဖူးအား သူ့နဖူးနဲ့ ထိနေအောင် ဖိအားပေးလိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now