စေးစက် မျက်လုံးတွေက မျက်ဝတ်တွေဖြင့် ရွှဲရည်နေသည်ကြောင့် မနည်းထိုးဖောက်ကြည့်နေရသည်။အသက်ရှူနှုန်းတွေကလည်း လျှပ်ဖျတ်မြန်သန်နေသည်။နာကျင်ခြောက်ကပ်နေတဲ့ လည်ပင်းက ​ရေကြည်ကြည်တစ်ခွက်ကို တောင်းဆိုနေသည်။

မျက်စိကမြင်တွေ့နေရသည်ဖြစ်သော်ငြား ရှင်းရှင်း လင်းလင်းမဝေခွဲတတ်သေး။မေ့ဆေးပြယ်လာသူ တစ်ဦးနှယ် အသိတွေ၊သတိတွေကို ပြန်စုကပ်နေရသည်။

ရှူးရှူးရှားရှား အသံတွေက တိုင်ပင်ကိုက်ထားသလိုပေါ်ထွက်နေသည်မို့ အကြားအာရုံတွေနောက် လှည့်ကြည့်လျှင် လည်စေ့(ဇိ)ကြီးက အပေါ်တက်သွားသလို ချွန်ရှရှ။

စေးစက်ခေါင်းက ကျောက်သားတမျှမာကျောနေတဲ့ အရာပေါ်မှာ ဖြစ်ပါလိမ့်မယ်။စေးစက် ညာဘက်ရင်ဘတ်ပေါ် ရောက်နေတဲ့ လက်ကြီးက ရှည်ရှည် မျောမျော။ထိုထိလည်း ဘာမှန်းမသိသေးတာ စေးစက်ဉာဏ်တွေ ပျက်များသွားတာလား။

စေးစက်ထလိုက်သည်က ဝိညာဥ်ဖြူလေး ကိုယ်မှကွာကွင်းသွားသလို အသာအယာလေးဖြစ်သည်။ယမ်းကို ကြည့်နေတဲ့စေးစက်မျက်လုံးတွေက မယုံကြည်နိုင်မှု ကုဋေတစ်သိန်း။

ဟင်!မိုးထိယမ်းက အဝတ်ဗလာ!။

စေးစက်လက်တွေက နှုတ်ခမ်းမှာ ဖိကပ်ရင်း အံ့သြသင့်လျက်။တုန်ယင်နေသည့် လက်သွယ်သွယ်တို့ကို ခွာလိုက်စဥ် စေးစက်အသက်ရှူနှုန်းတွေက ပေါက်ထွက်မတတ် မြန်လာသည်။

မဟုတ်...!သူ့ကြည့်မှမဟုတ်...!

စေးစက်သည်လည်း ဗလာကျင်းလျက်!။

စေးစက် တစ်ကိုယ်လုံး ရှော့ရသွားသလို တောင့်ခဲသွားသည်။ကြက်သီးတွေ တဖြန်းဖြန်းထရင်း ရှက်စိတ်တွေကြောင့် ကစဥ့်ကလျားဖြစ်ကာ သွေးရူး သွေးတန်းဖြစ်သည်။

စေးစက်မျက်လုံးများ ပြာဝေသွားသည်။စိတ်ချောက်ချားမှုများက ဆောက်တည်ရာမရ...။

ဝမ်းနည်းသလိုဖြစ်နေတဲ့ ခံစားချက်တွေက ရင်ကိုဖောက်ထွင်းလျက်...။မျက်ရည်လည်းမကျသလို... နှလုံးအိမ်က တင်းကျပ်ကျပ်... သောကတို့က အေးစက်စက်...။

အဝတ်တွေကင်းမဲ့နေသည့် စေးစက်တို့က ဘာတွေလဲ။ရှက်ဖို့ကောင်းအောင် တုံးလုံးကြီးတွေဖြစ်နေတဲ့အနေအထားက မည်သို့မည်ပုံ။မနေ့ညက...

YANG(Completed)Where stories live. Discover now