“ ယွမ်….ယွမ်လေးလား…ယွမ်လေး…!!!.”

“ ကိုကို…ချီယွမ်….ကိုကိုရှောင်ကျူး….အဟင့်ဟင့်…”

သက်ပြင်းပင် ချလို့မပြီးသေးခင် တဖက်ရှိအမှောင်ရိပ်ထဲမှ သူရင်းနှီးသည့်အသံနှစ်သံသည် တုန်ရီလျက် ထွက်ပေါ်လာကြ၏။

“ ရှောင်ကျူး….ရှောင်းဟွား…!!!”

ချီယွမ်သည် အသံကျယ်ဖြင့် အော်ဟစ်ကာခေါ်လိုက်မိသည်။ သူ့ဘဝတွင် ထိုလူများကျန်ရှိနေသေးသည်ကို တခဏလောက်ထပ်မေ့သွားပြန်ပါ၏။ သူ ထိုမိသားစုကို အကြိမ်ကြိမ်ဒုက္ခပေးမိနေပြန်ပြီ။

“ နေအုန်း…နေအုန်း… ငါအဲ့ဒီဘက်ကိုလာခဲ့မယ်။ မကြောက်ကြနဲ့နော်….မကြောက်နဲ့…”

ချီယွမ်သည် သူ့အားချည်နှောင်ထားသော ကြိုးအားအတင်းရုန်းကန်ရန် ကြိုးစားလေတော့သည်။ ထိုကြိုးက တိုင်ကြီးကိုသူနှင့်အတူပတ်နှောင်ထားတာမို့ ချီယွမ်အရှေ့ဘက်အတင်းတိုးလေသောအခါ ချည်နှောင်ထားသော ကြိုးသည်ရုတ်တရက်ပွတ်တိုက်ခံရသလိုပင် အလင်းရောင်တို့ ဖျာထွက်လေ၏။ ချီယွမ်သည် နောက်ပြန်လှည့်ကာ ထိုကြိုးကိုငုံ့ကြည့်မိသည်။ ကျစ်ထားသော ကြိုး၏သေးငယ်သောအမျှင်တန်းတို့ကအစ အလင်းထွက်လျက်ရှိနေကာ အနှီအနီးတဝိုက်တွင် အလင်းတချို့ရှိနေပြီး ချီယွမ်၏ချည်နှောင်ခံရသောလက်သည်ပင် သွေးဆို့ကာလာလေ၏။

“ အား….!!”

ချီယွမ်သည် ရုန်းကန်မရတာမို့ စိတ်တိုလျက် မိမိလက်ကိုပင်မငှဲ့ညာတော့ပဲ ဆက်လက်ရုန်းကန်လျက်ရှိသည်။ ရုန်းကန်လိုက်တိုင်း ပိုမိုတင်းကျပ်လာသော ကြိုးကြောင့် သူ၏လက်တို့သည် ပိုမိုကာနီရဲလာ၏။

“ ဆက်ရုန်းနေရင် မင်းလက်ပြတ်သွားတော့မယ်…”

တည်ငြိမ်အေးဆေးပုံရသော အသံတစ်ခုက သူတို့၏ အပေါ်မှ ခတ္တမျှ လွှမ်းခြုံသွားသည်။ ချီယွမ်သည် ထို့အသံကြောင့် သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်မိလေတော့ ကြိုးကွင်း၏အလင်းတန်းသည် မှိန်ကျသွားကာသာမန်အတိုင်းပင် ပြန်ဖြစ်သွား၏။ ထိုအသံပိုင်ရှင်ကို သူမှတ်မိသည်။ ထိုသူသည် သူ့အားလာဖမ်းခဲ့သည့် အနှီယပ်တောင်နှင့်လူပါပင်။ အခန်းကြီးအတွင်း လေတချို့ဝှေ့ကာတိုက်ခိုက်သွားပုံရပြီး ထိုသူသည် ကိုယ်ဖော့ကာ ချီယွမ်နှင့် ငါးပေခန့်လောက်အကွာတွင် သူ၏ကိုယ်ကိုဖြေးညင်းစွား ဆင်းလိုက်လေ၏။

The Deal With A Demon King Where stories live. Discover now