အပိုင်း 20

Start from the beginning
                                    

"ကိုကို့ကို စိတ်ပူအောင်မလုပ်ပါနဲ့ကွာ လာပါ ကလေးနေမကောင်းဖြစ်လိမ့်မယ်"

အချိန်မှာည11နာရီပင်ရှိနေပြီဖြစ်သည်။

ရှိန်း သူ့ကလေး၏ခေါင်းမာမှုကိုကောင်းကောင်းသိ၏။ ရှိန်းကလေးငယ်အားပွေ့ချီလိုက်သည်။

"ကိုကို သားကိုလွှတ် သားကိုကို့ကိုမုန်းတယ်"

"ကလေးအိမ်ရောက်မှကလေးကြိုက်သလိုလုပ် အခု ကိုကို့ရင်ခွင်ထဲမှာပဲနေပါ"

ရှိန်းကလေးငယ်အားကားပေါ်တင်လိုက်သည်။
ကလေးငယ်မှာ အခုထိငိုနေဆဲ။
ရှိန်း ကလေးငယ်အား ကောငကောင်းကောင်းချော့ရတော့မည်။

အိမ်သို့ရောက်သော် အဝတ်လဲပေးပြီး ခေါင်းခြောက်အောင်သုပ်ပေးလိုက်သည်။ ကလေးငယ်နေမကောင်းဖြစ်မည်စိုးသောကြောင့် ဆေးကြိုတိုက်လိုက်သည်။ကလေးမှာ အိမ်ရောက်ကတည်းက သူ့အားစကားမပြောချေ။

"ကလေးကိုကို့ကိုတကယ်မုန်းသွားပြီလားကွာ"

..........
နှင်းစနေနေ့ နေ့လည်ပိုင်းတွင် ရူပါအားခေါ်ကာ ရှိန်းဆီသွားလိုက်သည်။

"အာ နှင်းထိုင်ဦး ရူပါ နိုင်းနိုင်းဆီသွားပြီး ထမင်းကျွေးပေးဦး ကိုကိုမနက်ကတည်းက ထမင်းကျွေးတာမစားဘူး ကောက်နေတာထင်တယ်"

"ဟုတ်ကဲ့ကိုကို"

ရှိန်း နှင်းနှင့်ထိုင်ကာစကားပြောနေလိုက်သည်။
ရူပါလည်း နိုင်းနိုင်းအခန်းသို့ထမင်းယူကာ သွားလိုက်သည်။

"နိုင်းနိုင်း ငါဝင်ခဲ့မယ်နော်"

ရူပါ အခန်းထဲတွင် Assignmentမ်ား ထိုင်ရေးနေသော နိုင်းနိုင်းအားတွေ့လေသည်။

"ထမင်းမစားရသေးဘူးဆို ထမင်းလေးတော့စားလေဟာ နင့်ပါးဖောင်းဖောင်းလေးတွေလျော့သွားလိမ့်မယ်"

"အင့်..."

ရူပါ ရုတ်တရက်ထငိုလာသော နိုင်းနိုင်းကိုမြင်သော် စိတ်မကောင်း။ သူ့သူငယ်ချင်း တော်တော်ဝမ်းနည်းနေပုံရသည်။

"ကိုကိုရေ ကိုကို့ယောကျ်ားကို ကိုကိုရအောင်ချော့ပေတော့"ဟူ၍သာ ပြောလိုက်ချင်သည်။

ခိုနားရာ❤ (Completed) Where stories live. Discover now