Chapter(87):ဆွေးနွေး ဆုံးဖြတ်ခြင်း-1

Start from the beginning
                                    

သူအလုပ်သမား ခေါင်းဆောင်လီကို မေးလိုက်တယ်။ "ခင်ဗျားရဲ့ ဆောက်လုပ်ရေးအသင်းထဲမှာ လူဘယ်နှစ်ယောက် ရှိသလဲဗျ?"

"အယောက် နှစ်ဆယ်ပါ။ ပြီးတော့ အချို့လွယ်ကူတဲ့ အလုပ်လေးတွေနဲ့ အစားအသောက်တွေကို ကူညီချက်ပြုတ်ပေးတဲ့ ကောအချို့လည်း ရှိတယ်။ ပုံမှန်ဆိုရင်တော့ သူတို့​တွေက ဘာလုပ်အားခမှ မရကြပါဘူး။ သဘောကောင်းတဲ့ လူတွေလောက်ကသာ သူတို့တွေကို သူတို့ပေးချေရမဲ့ ငွေကြေးပမာဏထက်ပိုတဲ့ ကြေးဒင်္ဂါးပြားတစ်ဒါဇင် ပေးချေတတ်ကြတယ်။"

ရှုရန်က ခေါင်းငြိမ့်လိုက်ပြီး အလုပ်သမား ခေါင်းဆောင်လီကို မေးလိုက်တယ်။ "ခေါင်းဆောင်လီ တကယ်လို့ ခင်ဗျား ကျွန်တော့်အတွက် အိမ်ဆောက်ပေးမယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့တွေကို အစားအစာ အခမဲ့ ထောက်ပံ့ပေးမယ်။ ကျွန်တော့်အိမ်ကတော့ ခင်ဗျားတို့တွေ အားလုံးနေထိုင်ဖို့ လုံလုံလောက်လောက် မကြီးမားဘူး။ ခင်ဗျားတို့ တစ်နေ့လုပ်အားခ ဘယ်လောက်လိုအပ်သလဲ?"

အလုပ်သမား ခေါင်းဆောင်လီက ဒါကို စဉ်းစားကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။ "ကြေးဒင်္ဂါး တစ်ဆယ့်ငါးပြား။ အိမ်ကနေ ထွက်လာပြီး ငွေနည်းနည်းရှာဖို့ ဆိုတာကလည်း ကျွန်တော့်လူတွေအတွက် မလွယ်ကူဘူးလေ။ အိမ်ကို ပစ်ထားခဲ့ရတာမို့ နောက်နှစ်နွေဦးပွဲတော်အတွက် အိမ်ဆီ ငွေများများ ပိုသယ်သွားနိုင်ဖို့ ကျွန်တော်တို့တွေ မျှော်လင့်မိတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်တို့တွေက ဒီနှစ် နွေဦးပွဲတော်ပြီးတာနဲ့ သိပ်မကြာခင်မှာပဲ အိမ်ကနေ ထွက်လာခဲ့ကြတာ။"

"ကောင်းပါပြီ။ ခေါင်းဆောင်လီ ကျွန်တော့်အိမ်ကို ဆောက်ဖို့ ကိစ္စအဝဝကို ခင်ဗျားဆီမှာပဲ အပ်ထားလိုက်မယ်။ အုတ်ခဲနဲ့ အုတ်ကြွပ်ပြားတွေကို ခင်ဗျားကြိက်သလိုမျိုး ဝယ်ယူနိုင်တယ်။ အဆုံးမှာတော့ ဒီနယ်ပယ်ထဲမှာ ခင်ဗျားရဲ့ အသိအကျွမ်း မိတ်ဆွေတွေ ရှိတယ်လေ။ ပြီးတော့ လိုအပ်တဲ့ သစ်သားတွေအတွက် သစ်ပင်​တွေကို ဒီအနောက်က တောင်ပေါ်မှာ ခင်ဗျားတိုက်ရိုက် ခုတ်ယူနိုင်တယ်။ နောက်ဆုံးမှာ အိမ်ကို ကျွန်တော် စိတ်ကျေနပ်နေသရွေ့ ခင်ဗျားတို့ရဲ့ အလုပ်ကြိုးစားမှုအတွက် ခင်ဗျားတို့တွေကို အပို လုပ်အားခအနေနဲ့ ငွေအတုံးငါးဆယ်ကို ကျွန်တော်ပေးမယ်။ ခင်ဗျားဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုတွေးမိလဲ?"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now