“ မိစ္ဆာဘုရင်ကြီး…ခင်ဗျား ကျွန်တော့်ကို မက်မွန်ပန်းသလင်းကျောက်ကလေး ပြန်ပေးဖို့ အကြွေးရှိသေးတာသိတယ်မလား။ “

ယွင်းရန်မှာ တချိန်လုံး နျူးကိုသာ အရိပ်တကြည့်ကြည့် ကြည့်ကာ စိုးရိမ်နေရတာမို့ နျူးထိုကဲ့သို့ပြောလာသည့်အခါ သူ ဘာလူပ်လို့ လူပ်ရမည်ကိုပင် မေ့သွားချေ၏။ ပြီးမှသာ သူက သူ၏ရင်ဘတ်ဝတ်ရုံထဲကို လက်နှိုက်ကာ ထိုသလင်းကျောက်လေးကို ထုတ်ပေးလိူက်သည်။

“ အာ… …ကိုယ်တောင်းပန်ပါတယ် ။ နောက်ဆုံးတခေါက်က ပေးဖို့ကို မေ့သွားတာ…”

ယွင်းရန်က ထိုသလင်းကျောက်လေးကို လက်မှကိုင်ထားရင်းပင် နျူးကတော့ ယွင်းရန်အနားကို တဖြည်းဖြည်းချင်း တိုးကာလာသည်။ အနားကိုရောက်လေတော့မှ ရပ်တန့်လိုက်ပြီး ယွင်းရန်လက်ထဲမှ သလင်းကျောက်လေးအား သူလှမ်းယူလိုက်ရင်း

“ ဒီဟာလေးကို မက်မွန်တောထဲမှာပဲ ကောက်ရခဲ့တာ။ ဘာမှ တန်ဖိုးမရှိတဲ့ သလင်းကျောက်လေးဆိုပေမဲ့ တနေ့ ကျွန်တော် သဘောကျတဲ့ သူတယောက်ရှိလာရင် သူ့ကိုလက်ဆောင်အဖြစ်ပေးမယ်လို့ စိတ်ကူးထားခဲ့တာ…”

“………”

ယွင်းရန်ကတော့ ဘာစကားမှမပြောပဲ နျူးကိုသာ ငုံ့ကြည့်နေခဲ့သည်။ နျူးက သူ၏စကားတို့ကို ရပ်တန့်လိုက်ကာ ယွင်းရန်ကို မော့ကြည့်ရင်း ပြုံးလိုက်သည်။

ထို့နောက်မှ သူက ယွင်းရန်၏လက်တဖက်ကိုပြန်ဆွဲယူလိုက်ရင်း ထိုမက်မွန်ပန်းသလင်းကျောက်လေးအား ယွင်းရန်၏လက်ဖဝါးပေါ်သိူ့ တင်ပေးလိုက်လေသည်။

“ ဒီဟာလေး ခင်ဗျားကိုအပိုင်ပေးမယ်

ကျွန်တော့်ကြောင့်နဲ့ ကောင်းကင်ဘုံကိုမဆန့်ကျင်ပါနဲ့။ ”

“ မင်း……”

ယွင်းရန်မှာ နျူး၏အပြုအမူကြောင့်​ ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်နေသလိုလို၊ ကြက်သေသေနေသလိုလို တောင့်တောင့်ကြီးဖြစ်ကာ မျက်လုံးတွေကပင် မျက်တောင်မခပ်နိုင်ပဲ ရပ်တန့်နေကြပါ၏။ နျူးက သူ့ကို မည်သည့်အဓိပ္ပါယ်ဖြင့် ထိုအရာလေးအား သူ့လက်ထဲထည့်သည်ကိုသူ သေချာတော့မဝေခွဲနိုင်ပါချေ။ သူငယ်ချင်းတယောက်အနေနဲ့ သဘောကျတာလား။ ဒါမှမဟုတ်ရင်လည်း…

The Deal With A Demon King Where stories live. Discover now