အပိုင်း3

Start from the beginning
                                    

နှင်း သူရဲ့ဒေါသကိုအတတ်နိုင်ဆုံးလျော့ချပြီး အေးဆေးလိုက်ခဲ့ဖို့ပြောသည်။

နိုင်းနိုင်းဝေကားမရ၊ဂျစ်နေတော့သည်။
ရှိန်းက လက်ကိုအတင်းဖြုတ်ချလည်းမရ။
ရှိန်းလည်း ကလေးငယ်ကို မြင်မြင်ချင်းချစ်မိပါသည်။
သို့သော် ကလေးငယ်ရဲ့ဘဝကို မနှစ်ချင်ပါ။
10တန်းကျောင်းသားလေးက သူနဲ့နေချင်တယ်ပြောတာကို သူ့မှာလက်မခံနိုင်သေး၊မယုံကြည်မိသေး။

နှင်းတစ်ယောက် ချော့ပြော၍မရသော နိုင်းနိုင်းဝေအား အကြမ်းနည်းသုံးရပေတော့မည်။

"သီဟရေ နင့်အိမ်မှာ ကြက်မွှေးရှိလား၊ရှိရင်ငါ့ကိုပေးစမ်းပါ
ပြောမရတဲ့ကလေးကို အကြမ်းနည်းသုံးရတော့မယ်"
ရှိန်းရဲ့မိဘတွေကလည်း နှင်းကို စိတ်လျော့ဖို့ပြောကြသည်။
ရှိန်းကိုယ်တိုင်ကလည်း ကြက်မွှေးကိုမပေးချင်။
သူ့သူငယ်ချင်းဒေါသကို သိလို့လား၊သူ့မျက်စိရှေ့က ကလေးငယ်ကို သနားလို့လား မခွဲခြားတတ်တော့ပေ။
နှင်းလည်း စိတ်မရှည်တော့သည့်အဆုံး နိုင်းနိုင်းဝေနားကိုသွားလိုက်သည်။
အနားရောက်တော့ ဗိုက်ခေါက်ကို အားပါပါနဲ့လိမ်ဆွဲလိုက်တော့သည်။
"အား ကိုကိုရေ သားကိုကယ်ပါဦး တီချယ်က သားကို အနိုင်ကျင့်နေတယ် အီးဟီး"
ကောင်းကြသေးရဲ့လားဗျာ
ငိုတာ​​တောင် သူ့ကိုကိုကို တပြီးငိုလေရဲ့။

နှင်းလည်း အခုချက်ချင်းလိုက်မာလား မလိုက်ဘူးလားမေးတော့ လုံးဝပြန်မဖြေတဲ့ နိုင်းနိုင်းကို တကယ်ဒေါသထွက်နေလေပြီ။

ရူပါတစ်ယောက် သူ့မျက်စိရှေ့ကမြင်ကွင်းတွေကြောင့် သူ့မမကို လန့်နေလေသည်။

ထိုစဥ် ရှိန်းလည်း'ဟိတ် တော်ပါတော့ မငိုပါနဲ့တော့ကွာ ၊နှင်းရေ တော်ပါတော့ လွှတ်လိုက်ပါတော့ ၊
ကလေးငယ်လေးကို ငါခေါ်ထားလိုက်မယ်။နောက်ရက်ကျမှ ငါပြန်လိုက်ပို့ပေးလိုက်မယ်"

နှင်းလည်း ဆရာမကြီးတို့ထံ အကျိုးအကြောင်းဖုန်းဆက်ပြီး"အင်းဟုတ်ပီ အဲ့တာဆို ငါသွားတော့မယ်
ဦးလေးနဲ့ ဒေါ်လေး သမီးပြန်တော့မယ်ရှင့် အရာရာစိတ်ချပါရှင့် ရူပါလေးကို နှင်းညီမလေးလို သမီးလေးလိုရော ထိန်းသိမ်းစောင့်ရှောက်မာပါရှင့်"

ခိုနားရာ❤ (Completed) Where stories live. Discover now