အပိုင်း1

Start from the beginning
                                    

Ring...

"helloသီဟပြော ဒီချိန်ကြီးဖုန်းဆက်တာ ဘာကိစ္စလဲ "

"အေး နှင်းရေ ငါပြောစရာရှိလို့
ငါတို့ အဖွဲ့ နောက်လကြ နင်တို့ကျောင်းကို သွေးစစ်ပေးဖို့ တာဝန်ကျတယ်
အဲ့တာ ပြောပြတာ သူငယ်ချင်းရေ"

"awwဘာများလဲလို့ ငါ့ကလေးငယ်အိပ်ပီလား စာရောလုပ်ရဲ့လား နွားနို့ရောသောက်ရဲ့လား".

"အမလေး... ပိုကိုပိုလွန်းတယ် ငါ့ညီမလေးကို နင့်ဆီပဲခေါ်ထားတော့"

"ခေါ်ထားမာ စိတ်ချ ငါဒီတစ်ပတ်စနေကြ အိမ်လာပြီးလူကြီးတွေဆီ ခွင့်တောင်းမို့"

"သဘောသဘော ဒါပဲ ဖုန်းချလိုက်တော့မယ်"

ရှိန်း သူ့ညီမလေးကို သိပ်ချစ်သည်။ သူ့ညီမလေးစိတ်ချမ်းသာရင် သူလည်းစိတ်ချမ်းသာသည်။
သူ့ညီမလေးက သဘောမကျလို့ လမ်းခွဲလိုက်ရတဲ့ သူ့ငယ်ချစ်ဦး Dr ခင်သက်မိုးစံကတော့ နှင်းရူပါဦးကို လုံးဝသဘောမကျပေ။

တေးငှက်တို့ အော်မြည်သံလေးတွေနဲ့ပြည့်စုံနေတဲ့ နံနက်ခင်းတစ်ခုဝယ်...

"သမီးလေးရေ ရူပါလေးကိုအိမ်အလည်လာဖို့ခေါ်ပါဦး မေမေတို့ပျင်းလို့ ရူပါလေးကြိုက်တဲ့ မုန့်ဟင်းခါးချက်ကျွေးချင်လို့ သမီးdaddyကလည်း သူ့ရဲ့သမီးလေးရူပါဖို့ နာရီလက်ဆောင်ဝယ်ထားတယ်တဲ့ ခေါ်ခဲ့ဦးနော်သမီး"

"အာ ဟုတ်မေမေ သမီးမေမေတို့ကို ပြောမလို့ပဲ
ကလေးအိမ်ကို ဒီပတ်စနေလောက်သွားပြီး
ကလေးငယ်ကို အိမ်မာပဲ စာသင်ပေးမို့ ....10တန်းတစ်နှစ်လုံးအိမ်မာ သမီးကိုယ်တိုင်ကြပ်မက်ပေးမို့ ခေါ်မို့ မေမေ"

"အေးအေးကောင်းတယ် ရူပါလေးက ချစ်ဖို့ကောင်းပြီးလိမ်မာတဲ့ကလေးလေး"

မေမေ့စကားသံအဆုံး နှင်းအတွေးတစ်ခုဝင်လာမိသည်။

"ကလေးငယ် ချစ်ဖို့ကောင်းတာကို သမီးလက်ခံတယ်မေမေ ဒါပေမယ့် သူကလိမ္မာတယ်လို့မဟုတ်ဘူးမေမေရဲ့ သူဆိုးတာတွေမေမေသိသေးပါဘူး"

ဟု စိတ်ထဲကနေသာ ပြောလိုက်မိတော့သည်။

ဒီကလေးငယ်ကို နှင်းချစ်ပါသည်။မြတ်နိုးပါသည်။
သို့သော် ကလေးငယ်ကို နှင်းအရမ်းကြီး အလိုမလိုက်နိုင်ပါ။မအော်ချင်ပေမယ့် အော်ရပေဦးမည်။
မဆူချင်ပေမယ့် ကလေးငယ်အကြောင်း ကိုယ်သာသိလို့ ဆူသင့်တဲ့ကိစ္စဆို ဆူရပေဦးမည်။

ခိုနားရာ❤ (Completed) Where stories live. Discover now