"ဘာလို့ အဲ့လို တွေးရတာလဲ ဘေဘီရာ~"

"မသိဘူး ဒီတိုင်း အီးးဟီးး"

ငိုချလာတဲ့ ကလေးလေးကို ချော့ရပြန်တယ်~ဘေဘီ့ကို မျက်နှာချင်းဆိုင်ဖြစ်အောင် ပြောင်းလိုက်ပြီး မျက်ရည်တွေ သုတ်ပေးကာ~

"ကိုယ်လည်း တောင်းပန်ပါတယ်~"

"ဟင့် Daddy က ဟင့် ဘာလို့~"

ရှိုက်သံလေးတွေ စကား ပြောနေတဲ့ ဘေဘီက ချစ်စဖွယ်အတိ~သူတစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပုံစံလေးဟာ ဒီလောက်ထိ ချစ်ဖို့ကောင်းမယ်မှန်း မသိခဲ့~

"ချစ်ဖို့ကောင်းလိုက်တာ~ဘေဘီက"

"Daddy"

"ချစ်တယ် ဘေဘီ~ကိုယ်က အများကြီး အများကြီး ပြောမပြနိုင်လောက်အောင် ချစ်တာမို့ ဘာပဲဖြစ်နေဖြစ်နေ ချစ်နေအုံးမှာ မလို့ နောက်ဆို မဟုတ်တာတွေ တွေးပြီး စိတ်ရှုပ်မခံနိုင်နဲ့တော့နော် ကလေး~"

ဆိုကာ တဖြည်းဖြည်းနီးကပ်လာတဲ့ မျက်နှာတွေနဲ့ နောက်မှာ ချိုသာတဲ့ အနမ်းတစ်ခု~

"မငိုနဲ့တော့နော် ကလေး~"

"Daddy ချစ်တယ်"

ဆိုကာ တစ်ဖန်နီးကပ်သွားပြန်တဲ့ နှုတ်ခမ်း နှစ်စုံ~
........................
"ဘေဘီရာ ကိုယ် အလုပ်လုပ်အုံးမယ်လေ"

နေ့ခင်းကတည်းက တောက်တဲ့လေးလို လိုက်ကပ်နေတဲ့ ကလေး~အခုလည်း ကိုအာလာလေးလို အတင်းကုပ်တွယ်ထားလေရဲ့~

"ငြိုငြင်တာလား Daddy က~"

"မငြိုငြင်ရပါဘူးဗျာ~"

"ဟီး"

ပြုံးပြကာ သူကိုယ်ပေါ်က ဆင်းသွားတဲ့ ကလေးငယ်~သူလည်း အလုပ်လုပ်ရပြီ အထင်နဲ့ laptop ဆီ အကြည့်ပြန်ပို့လိုက်တယ်~

အထင်နဲ့ တခြားဆီပါပဲ~

"Daddy အပြင်သွားရအောင်~"

"ဘေဘီရယ် ဘယ်သွားအုံးမလို့လဲ~"

"လိုက်မပို့ချင်လဲ ရတယ်နော် ကိုယ့်ဟာကိုယ်သွားမှာ"

"ခက်တော့တာပဲ ဘေဘီရာ ပြော ဘယ်သွားမှာလဲ~"

"ဟီးဟီး အဲ့တာကြောင့် ယောက်ျားကို ချစ်နေရတာ~မာမီတို့ဆီ~"

~DON'T BLAME ME~Where stories live. Discover now