"ရစေရမယ် အစ်ကို အခုတော့ ခွင့်ပြုပါအုံး~"

"အင်း"

ဆစ်ဒရစ် ပြန်သွားတော့ ဒရေဂိုလည်း အပေါ်ကို ပြန်တက်လာခဲ့တယ်~

ဘေဘီဘေးနား ဝင်ပြီး လှဲလိုက်တော့ ဘေဘီ့ဆီက အသံသဲ့သဲ့~

~ကျွန်တော့်ကို ထားမသွားရဘူးနော်~

ဒရေဂို ဟယ်ရီ့ကို ရင်ခွင်ထဲ ထည့်ကာ ဖက်ထားလိုက်တယ်~နဖူး အနမ်းတစ်ချက်ခြွေရင်း~

"တောင်းပန်ပါတယ် ကလေးငယ် မင်းကို ဒီလို စိတ်ရှုပ်အောင်လုပ်မိလို့~ကိုယ် နောက်ကျရင်လေ မင်းအကြွင်းမဲ့ ယုံကြည်နိုင်အောင် ပို ချစ်ပေးမှာမို့"

ဆိုကာ ကလေးငယ်ကို ဖက်ရင်း အိပ်ပျော်သွားလေရဲ့~

........................
ရင်ခွင်ထဲက လစ်ဟာမှုကြောင့် ဒရေဂို နိုးလာတယ်~ကလေးငယ် ဟာ မရှိတော့~

"ဘယ်သွားပြန်တာလဲ ဘေဘီရာ~"

"Daddy နိုးပြီလား~"

သူ့စကားအဆုံး ကြားလိုက်ရတဲ့ အသံလေး~

"လာပါအုံး ဘေဘီရဲ့~"

သူ့စကားကို နာခံစွာ ကုတင်နားကို ရောက်လာတဲ့ ဘေဘီ~

ဘေဘီ့ခါးလေးကို ဖက်ကာ ဗိုက်လေးပေါ် မျက်နှာ အပ်ထားမိတယ်~

"Daddy ဘာဖြစ်နေတာလဲ"

"ကိုယ့်ကို ဘာလို့ မပြောတာလဲ~"

"ဟင်"

"ဘေဘီ ခံစားနေရတာတွေ ဘာလို့ ကိုယ့်ကို မပြောရတာလဲ ကိုယ်က အဲ့လောက်တောင် မယုံရဘူးလား ဟမ် ဘေဘီ"

ဖြေသံ မကြားလို့ မော့ကြည့်လိုက်တော့ မျက်ရည်တွေ ရစ်ဝိုင်းနေပြီ ဖြစ်တဲ့ ဘေဘီ~သူ့ကလေးက ဘယ်ကတည်းက အငိုသန်လေး ဖြစ်သွားရတာလဲ~

သူဟယ်ရီကို ကုတင်ပေါ်ဆွဲတင်လိုက်တော့ သူ့လည်ပင်းကို ရစ်ပတ်ကာ ဖက်တွယ်လာတဲ့ လက်တစ်စုံ~

"တောင်းပန်ပါတယ်~"

"ကိုယ် အကြောင်းပြချက်လိုချင်တာ ဘေဘီ တောင်းပန်စကား မဟုတ်ဘူး~"

"ကြောက်လို့~"

"ဘာကိုလဲ~"

"ခင်ဗျား ကျွန်တော့်ကို ပစ်သွားမှာကို~"

~DON'T BLAME ME~Where stories live. Discover now