🌺EP (82)🌺အချစ်ပြိုင်ဘက်မဖြစ်နိုင်ဘူး

988 146 0
                                    

Although the trip was rough

(82)
[အချစ်ပြိုင်ဘက် မဖြစ်နိုင်ဘူး]

ရှင်းလန်ရှို့ ထုတ်ပြောလိုက်တဲ့စကားက ရီဟွဝူကို မျက်နှာပျက်သွားစေသည်။ သူမရဲ့ လှပတဲ့မျက်နှာလေးပေါ်မှာ အေးစက်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံလာပြီး ပတ်ဝန်းကျင်ပင် အနည်းငယ် အေးစက်လာသလို ခံစားရသည်။

ထိုအချိန်တွင် မှာထားတာတွေ သယ်လာသော စားပွဲထိုးလေးက သူတို့ဆီကို လျှောက်လာသည်။ ရွှယ်နမ် ရုတ်တရက်ထလိုက်ကာ ဘေးဝိုင်းကို သွားထိုင်လိုက်သည်။

ရွှယ်နမ် -"မှာထားတာတွေ ဒီကိုလာချပေးပါ"

သို့နှင့် စားပွဲထိုးလည်း ရွှယ်နမ်ရှေ့မှာ စားစရာတွေ ချပေးရတော့သည်။ ရွှယ်နမ် ရုတ်တရက် နေရာဘာလို့ပြောင်းသွားလဲ စိတ်ဝင်တစား ကြည့်နေသူတိုင်း သိကြလေ၏။ အဲဒီလိုပဲ ရှင်းလန်ရှို့လည်း နားလည်သည်။

"အားနမ်...."

ရွှယ်နမ် မော့ကြည့်ပြီး တစ်ဆက်တည်း ပြောသည်။

"ကျွန်တော် စားနှင့်မယ်နော်... ရှို့ကောကတော့ အဲဒီကိစ္စလေးကို အရင်ရှင်းလိုက်ပါဦး"

ရွှယ်နမ်ရဲ့အသံက မြို့ထဲကို စဝင်လာတုန်းလို တက်ကြွနေတဲ့ အသံတွေ လုံးဝပျောက်ကွယ်သွားကာ အနည်းငယ် သူစိမ်းဆန်တဲ့ အနေအထား ဖြစ်သွားသည်။ ရွှယ်နမ်က စိတ်ထိခိုက်သွားရင် ငိုယိုဆူပုတ်မယ့်အစား အခုလိုပဲ သူစိမ်းဆန်သွားတတ်လေသည်။

ရှင်းလန်ရှို့မှာ ရယ်ရခက်ငိုရခက် ဖြစ်သွားရှာသည်။ သူဘာအမှားမှ မလုပ်မိဘဲ ရွှယ်နမ်က သူ့ကိုစိတ်ဆိုးနေပြီ။

ရီဟွဝူ -"လန်ရှို့နဲ့ငါက ငယ်ငယ်ကတည်းက သိကြတယ်... မင်းကအခုမှ သူ့နှလုံးသားကို ရယူနိုင်တာပဲ ငါတို့နှစ်ယောက် စကားပြောဖို့ အချိန်ပေးတော့ မင်းတော်တော်လေး အလိုက်သိတယ်လို့ ပြောရမယ်"

ထိုအခါ ရွှယ်နမ် ရီဟွဝူဆိုတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။

"ဆိုတော့ မင်းက ကိုကို့ရဲ့နှလုံးသားကို ပထမဆုံး ရယူနိုင်ခဲ့လို့လား?"

ရီဟွဝူ -"....."

"အားနမ်"

ရှင်းလန်ရှို့ မြောက်များစွာသော မျက်လုံးတွေရှေ့မှာပဲ ရွှယ်နမ်ရှေ့မှာ ဒူးညွှတ်ထိုင်လိုက်သည်။ ချစ်ရသူရွှယ်နမ်ရဲ့ လက်တွေကိုလည်း ဆုပ်ကိုင်လိုက်ကာ။

Although the trip was rough (Completed)Where stories live. Discover now