🌺EP (56)🌺ရွှယ်နမ်ကိုပစ်မှတ်ထားနေတယ်

1.1K 149 0
                                    

#Although the trip was rough

🌺(56)🌺
[ရွှယ်နမ်ကိုပစ်မှတ်ထားနေတယ်]

နောက်တစ်နေ့ မနက်တွင်။

"ဟူး......."

စောစောစီးစီး ရွှယ်နမ် သက်ပြင်းချလိုက်သည်။ ဒီနေ့မနက်မှာ ရှင်းလန်ရှို့က သူမထခင် ထသွားပြီး သူ့ကိုတော့ အနမ်းတစ်ပွင့်နဲ့သာ ချော့သိပ်ခဲ့လေသည်။ ထို့ကြောင့် ရွှယ်နမ် ပျင်းတိပျင်းရွဲ ထပြီး သက်ပြင်းချနေ၏။

မနက်စာကို သူနဲ့ မော့ယွီပင်းနှစ်ယောက်တည်းသာ စားခဲ့သည်။ မြို့အရှေ့ဖက်မှာ မြေကွက်ဝယ်ဖို့ စဥ်းစားထားရာ မော့ယွီပင်းနဲ့ အနည်းငယ် တိုင်ပင်ဖြစ်သည်။ ထို့နောက် ပေ့လင်ကိုကုသဖို့ သွား၏။

အပြန်လမ်းမှာ သရေစာတချို့ဝယ်ရင်း မော့ထန်းအိမ်တော်က သတင်းတချို့ကိုလည်း ရလာခဲ့သည်။ မော့ဟန်သေပြီတဲ့။

"ပင်းကော..... ပင်းကော......"

ရွှယ်နမ် မော့ယွီပင်းရှိတဲ့ ခြံထဲကို ပြေးဝင်လာသည်။ မော့ယွီပင်းက သူ့အိပ်ဆောင်ရှေ့က ပန်းပင်တွေကို ဒေါ်လေးနိတို့နဲ့အတူ ပြင်ဆင်နေတာ ဖြစ်သည်။

ရွှယ်နမ်ပြေးလာတာမြင်တော့ သူ့လက်ကို သန့်စင်လိုက်သည်။

"ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်လို့လား?"

"မော့ဟန်သေပြီတဲ့!"

"ဘာ!"

"ကျွန်တော် မြို့ထဲမှာကြားလာတာ... သူမနေ့က သေသွားတာတဲ့ ဘယ်သူက သတ်သွားမှန်းမသိဘူးတဲ့ ပြီးတော့ ရှိသေးတယ် သူ့ကိုကြိုက်ပါတယ်ဆိုတဲ့ ဟိုလုရှုန်းဆိုတဲ့ကောင်က သူ့ကိုကာကွယ်ရင်း ဒဏ်ရာပြင်းထန်သွားတယ်တဲ့"

"သတင်းက တစ်မြို့လုံးကို ပျံ့နေပြီလား?"

"အင်း... မနေ့ကတည်းကတဲ့"

"ပြောပြလို့ ကျေးဇူးပဲ"

"ဒါနဲ့ သူဘယ်လိုလုပ်သေသွားတာလဲ? မသိဘူး... ကျွန်တော်တို့လည်း ဘာမှမလှုပ်ရှားရသေးပါဘူး....မဟုတ်မှ ဦးလေးများလား?"

ထိုစဥ် မော့ယွီပင်းနောက်ကျောကနေ အေးစက်တဲ့ အသံတစ်သံ ထွက်လာသည်။

"မော့ဟန်ကို စိတ်ပူတာလား....လုရှုန်းကို စိတ်ပူတာလား?"

ရွှယ်နမ် တောင့်တင်းသွား၏။ ဦးလေးအကြောင်း ပြောနေတုန်း ဦးလေးရောက်လာမယ်လို့ မထင်ထားဘူး။ ရောက်လာတာ သူတောင်မသိပါလား။ ဘယ်လိုလုပ်ပြီး ပင်းကောရဲ့နားရွက်တွေက ရဲနေတာလဲ။

Although the trip was rough (Completed)Where stories live. Discover now