🌺EP (6)🌺 ချောမောတဲ့ရုပ်ရည်

1.6K 221 0
                                    

Although the trip was rough

🌺(6)🌺
[ချောမောတဲ့ရုပ်ရည်]

'ရွှင်း......'

ကြည်လင်သော သံစဥ်တစ်ခုသည် မြို့ဂိတ်တံခါးတွင် ပေါ်ထွက်လာခဲ့သည်။ အစိမ်းရောင် ဝိညာဥ်စွမ်းအင် စီးကြောင်းတစ်ခု ကောင်းကင်ထက်ကနေ ကျဆင်းလာကာ ဖူကျန်းရဲ့လှံကို ခါထုတ်ပစ်၏။

အစိမ်းရောင် ဝိညာဥ်စွမ်းအင်များသည် ရှင်းလန်ရှို့ နှင့် ရွှယ်နမ်တို့ကို ရစ်ပတ်လာသည်။ ထို့နောက် အထပ်ထပ် ကာရံထားသော အစောင့်များကို ကျော်ဖြတ်ပြီး သူတို့နှစ်ယောက်ကို မြို့ပြင်သို့ ခေါ်ထုတ်သွားတော့သည်။

ဖူကျန်း သူ့လှံကို အမိပြန်ဖမ်းထားလိုက်သည်။

"စစ်သူကြီးအဆင့် ကျင့်ကြံသူ..."

သူ တိတ်တဆိတ် ရေရွတ်မိ၏။ အခြေတည်အဆင့်၊ အလယ်အလတ်အဆင့်၊ ထိပ်တန်းအဆင့်ပြီးလျှင် စစ်သူကြီးအဆင့် ကျင့်ကြံသူပင်။ ရှင်းလန်ရှို့တို့ကို ကယ်ထုတ်သွားသူက စစ်သူကြီးအဆင့် ကျင့်ကြံသူဖြစ်နေတော့ သူလိုက်သွားလို့မဖြစ်ပေ။

သူတို့နှစ်ယောက်ကြားမှာ ၂ဆင့်တောင် ကွာနေသည်။ တစ်ဖက်လူသာ သူ့ကိုသတ်ချင်ရင် စောစောက သံစဥ်တစ်ချက်တည်းနဲ့တင် အသေသတ်ပစ်လို့ရ၏။

တစ်ဖက်မှာတော့ ရှင်းလန်ရှို့သည် ဖူကျန်းရဲ့လှံချက်ကို ရိုက်ထုတ်လိုက်စဥ်က စွမ်းအင်တွေ ထုတ်သုံးတာများသွားလို့ သွေးနှစ်လုတ် ထန်အန်ပြီးနေပြီ။

"ရှို့ကော.....ရှို့ကော....."

ရွှယ်နမ်မှာ အလွန်အမင်း စိုးရိမ်နေကာ ရှင်းလန်ရှို့နှုတ်ခမ်းက သွေးတွေကို ပျာပျာသလဲ သုတ်ပေးနေ၏။

"ရှို့ကော...."

"ဘာမှမဖြစ်ဘူး ဒဏ်ရာမပြင်းပါဘူး"

ထိုအချိန်တွင် ရှင်းလန်ရှို့ရဲ့လက်ကောက်ဝတ်ပေါ်သို့ ဖြူဖွေးသွယ်လျသော လက်ချောင်းကလေးနှစ်ချောင်းက ထိတွေ့လာ၏။ ရွှယ်နမ် လက်ချောင်းပိုင်ရှင် မိန်းကလေးကို မော့ကြည့်လိုက်သည်။

"မမကျီးယွမ်.... ရှို့ကော ဘယ်လိုနေလဲဟင်"

"သူ့အရင်က ဒဏ်ရာတွေ အကင်းမပျောက်သေးဘူး...အခု ဒဏ်ရာရထပ်ရသွားတော့ နည်းနည်း ဆိုးသွားတာ....ဒါပေမဲ့ အသက်အန္တရာယ်မရှိပါဘူး စိတ်မပူနဲ့"

Although the trip was rough (Completed)Where stories live. Discover now