🌺EP (4)🌺အကွက်ချလုပ်ကြံခြင်း

1.4K 222 0
                                    

Although the trip was rough

(4)
[အကွက်ချလုပ်ကြံခြင်း]

ခန်းမဆောင်တံခါးဝတွင် စောင့်နေသူ၏ အသံက အင်မတန် ကောင်းတာကြောင့် အစေခံတွေရှိသော အခန်းတွင် ထိုင်နေသည့် ရှင်းလန်ရှို့ပင် နှင်းဝံပုလွေအိမ်တော်ဟူသည့် အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ရှင်းလန်ရှို့ နားတစ်ဖက်က နားစွင့်လျက်သား။

အစေခံတွေ အနားယူကြတဲ့ အခန်းမှာ တခြားအစေခံတွေလည်း ရှိကြပြီး ရွှယ်နမ်ကတော့ ရှင်းလန်ရှို့ဘေးက နံရံကိုမှီလျက် အိပ်နေလေသည်။

ချောင်းရှကုန်းမြေမှာ အင်အားအကြီးဆုံးသူက နှင်းဝံပုလွေအိမ်တော် ဖြစ်၏။ သူ့လိုအရမ်းအင်အားကြီးသော အိမ်တော်ကတော့ ဒီလိုယိရှောင်မြို့လေးထဲ လိပ်ပြာဝင်ရိုးအိမ်တော်ကို ရောက်လာတယ်ဆိုတော့ အကြီးအကဲ၅က နယ်နယ်ရရ လူတစ်ယောက်တော့ မဖြစ်နိုင်ရာ။

ကြယ်ပြာကုန်းမြေမှာ နေစဥ်က နှင်းဝံပုလွေအိမ်တော် အကြောင်း သူအနည်းအကျဥ်း ကြားဖူးသည်။

တစ်အောင့်ကြာသော်။

'ဝုန်း.....'

လူတစ်စုရောက်လာပြီး အစေခံတွေ အနားယူသော တံခါးကို အားနဲ့ကန်ဖွင့်လိုက်လေတော့သည်။ ဝုန်းဟူသော မြည်သံကျယ်ကြီးကြောင့် ရွှယ်နမ်အိပ်ယာက လန့်နိုးသွား၏။ သူဇတ်ဆိုထလိုက်ကာ သူတို့အခန်းထဲ ဝင်လာသူအား ကြောင်ကြည့်နေသည်။

အခန်းထဲတွင်ရှိ တခြားလူတွေ ရှိသည်။

"ဘာဖြစ်တာလဲ"

"မသိဘူးလေ.... သူတို့ဘာလို့ ရုတ်တရက်ကြီး ဝင်လာတာလဲ"

"တစ်ယောက်ယောက်ကို ဖမ်းမလို့များလား"

ဝင်လာသူများသည် အိမ်တော်၏တပည့်များဖြစ်ကာ သူတို့သည် အစေခံများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ထောင့်မှာထိုင်နေတဲ့ ရှင်းလန်ရှို့နဲ့ ရွှယ်နမ်ကို မြင်သွားသည်။

"သူတို့ပဲ....."

သူတို့ထဲမှတစ်ယောက်က ထအော်လိုက်ကာ ကျင့်ကြံသူလေးယောက်သည် ရှင်းလန်ရှို့နှင့် ရွှယ်နမ်နားကို လေအဟုန်ဖြင့် ဖျက်ကနဲ ရောက်သွားသည်။ ပြီးနောက် သူတို့နှစ်ယောက်အား လက်မောင်းတစ်ဖက်စီကနေ ဆွဲကိုင်ထားလိုက်ကြသည်။

Although the trip was rough (Completed)Where stories live. Discover now