🌺EP (29)🌺မင်းကိုအဖြေပေးလိုက်ပြီးသား

1.2K 172 0
                                    

Although the trip was rough

(29)
[မင်းကိုအဖြေပေးလိုက်ပြီးသား]

အော့ရွှမ်ကင်ထားတဲ့ အသားကို သူတို့နှစ်ယောက် ဝဝလင်လင်စား၍ ရှင်းလန်ရှို့အတွက်လည်း သီးသန့်ဖယ်ထားလိုက်သည်။

အော့ရွှမ် - "ငါဒီဘက်ကိုလာရင်း မြွေတစ်သောင်းချိုင့်ဝှမ်းမှာ အထောက်အပံ့ ဝိညာဥ်ကြောတစ်ခု ပေါ်လာတယ်ဆိုတဲ့ သတင်းကြားခဲ့တယ်"

ရွှယ်နမ် သစ်ရွက်ခြောက်တွေပေါ် လှဲအိပ်နေရင်း မြွေတစ်သောင်းချိုင့်ဝှမ်းဟူသည့် အသံကြားတော့ ချက်ချင်း ငုတ်တုတ်ထထိုင်လာ၏။ သူ့ဘေးမှာ အော့ရွှမ်ကလည်း လက်နှစ်ဖက်ခေါင်းခုကာ အိပ်နေသည်။

ဘေးကလှုပ်ရှားသံကြားတော့ အော့ရွှမ်လည်း မျက်လုံးဖွင့်ကြည့်လာ၏။

"ဘာဖြစ်လို့လဲ?"

"အစ်ကို မြွေတစ်သောင်းချိုင့်ဝှမ်းလို့ ပြောလိုက်တာလား?"

"ဟုတ်တယ်လေ.... ဘာလဲ အဲဒါမင်းရဲ့မြွေရပ်မြေလား?"

"မဟုတ်ဘူး... အရင်တုန်းက အဖေ့ဆီကနေ အဲဒီနာမည်ကို ကြားဖူးလို့။ ကျွန်တော့်အဖေက ကုသခြင်းဒြပ်စင်ပဲလေ... သူ့ရဲ့နောက်ကြောင်းကိုတော့ ကျွန်တော်လည်း ရှင်းရှင်းလင်းလင်း သိပ်မသိဘူး အဖေ့ရဲ့ရှစ်တိ မြွေအဆိပ်မိတော့ ဖြေဆေးအတွက် အဖေ့ရဲ့စွမ်းအင်က မလုံလောက်ခဲ့ဘူး... အဲဒါနဲ့ အဖေက မြွေတစ်သောင်းချိုင့်ဝှမ်းကို သွားခဲ့တယ်တဲ့"

"ဖြေဆေးသွားခဲ့တာလား"

"ဟုတ်တယ်"

"မင်းရဲ့အသက်နဲ့ မင်းအဖေရဲ့အသက်ကို ကြည့်ပြီး ခန့်မှန်းရမယ်ဆိုရင် အဲဒါကလွန်ခဲ့တဲ့ နှစ်၅၀ ကျော်လောက်က ဖြစ်ခဲ့မှာပေါ့"

"ဟုတ်တယ်.... အဖေက အမေ့ကို အဲဒီမှာစတွေ့တာတဲ့"

အော့ရွှမ် ခဏစဥ်းစားကြည့်ပြီးနောက်။

"ငါကြားဖူးတာတော့ မြွေတစ်သောင်းချိုင့်ဝှမ်းဆိုတာ အရင်တုန်းက အရမ်းနာမည်ကြီးတဲ့ မြွေလူသားတွေ နေတဲ့နေရာ... ဒါပေမဲ့ အခုနောက်ပိုင်းတော့ မြွေလူသားတွေရဲ့ သတင်းကို မကြားရတော့ဘူး။ မြွေလူသားတွေကလည်း ဝိညာဥ်အထောက်အပံ့ အပင်တွေကို စောင့်ရှောက်ကြတာ"

Although the trip was rough (Completed)Where stories live. Discover now