🌺EP (16)🌺ပိုက်ဆံရှာချင်နေသူတစ်ဦး

1.2K 186 0
                                    

Although the trip was rough

🌺(16)🌺
[ပိုက်ဆံရှာချင်နေသူတစ်ဦး]

ရှင်းလန်ရှို့ ဆွဲလိုက်တာကြောင့် ရွှယ်နမ် ရှင်းလန်ရှို့ရင်ခွင်ထဲ ရောက်သွားသည်။

"အားနမ်....."

ရွှယ်နမ်ဆီက အသံထွက်မလာပေ။ သွေးနံ့က မပျောက်သွားသေးတာကြောင့် ရွှယ်နမ် သူ့ဘာသာသူ မကုသရသေးမှန်း သိလိုက်သည်။ သူ ရွှယ်နမ်ရဲ့ ပုခုံးလေးများကို ဆုပ်ကိုင်လိုက်ကာ။

"အားနမ်.... အဆင်​ပြေရဲ့လား?"

"......"

"အားနမ် ကိုယ်တောင်းပန်ပါတယ် ကိုယ်ကြောင့် မင်းဒဏ်ရာရသွားတာ"

"မဟုတ်ပါဘူး"

"အားနမ် မင်းငိုနေတာလား?"

ရွှယ်နမ်လက်မြှောက်ကာ သူ့မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။ ထိုအချိန်တွင် စောစောက မိန်းကလေးအော်သံကြောင့် တဖြည်းဖြည်း လာကြည့်သူတွေ များလာ၏။ သူတို့သည် လူငယ်အဖွဲ့နဲ့ ဧည့်သည်နှစ်ယောက် ရန်ဖြစ်ကြတာမှန်း သဘောပေါက်လိုက်သည်။

အဖိုးအိုကလည်း ပြေးလာ၏။ သို့သော် သူရောက်တော့မယ့်အချိန်မှာ ရှင်းလန်ရှို့က ရွှယ်နမ်ကိုခေါ်၍ အဝေးကြီးကို ပျံသန်းသွားလေတော့သည်။

ရှင်းလန်ရှို့ အံ့ဩနေတဲ့ ရွာသားတွေကို အနောက်မှာ ထားခဲ့လိုက်ပြီး လေသံကို အားကိုးကာ ရွာအပြင်က တောအုပ်ထဲကို ရောက်တဲ့အထိ ပျံသန်းလာခဲ့၏။ သူ မြေကြီးပေါ်ကို ခြေချပြီးသောအခါ စောစောကအတိုင်း ရွှယ်နမ်ရဲ့ လက်မောင်းလေးကို ဆုပ်ကိုင်လိုက်သည်။

"ဒဏ်ရာကြီးလား?"

"မကြီးပါဘူး... ကံကောင်းချင်တော့ ကျွန်တော် မသေသေးဘူးလေ ရှို့ကော ကျွန်တော့်ကို သဘောမကျဘူးဆိုရင်တောင်.... ရှို့ကောကို သဘောကျနေတဲ့သူကို အဲ့လိုမလုပ်သင့်ဘူးမလား တကယ်လို့ အဲဒီလူက မခြိမ်းခြောက်ဘဲ တစ်ခါတည်းသာ လှုပ်ရှားလိုက်ရင် ကျွန်တော် သေသွားတာကိုတောင် သိလိုက်မှာမဟုတ်ဘူး...."

"ကိုယ်.... ကိုယ်တောင်းပန်ပါတယ်"

"ရှို့ကောက အရမ်းသဘောကောင်းတာ ကျွန်တော် သိတယ်.... အဲဒီမိန်းကလေး အသားမယူခံရခင် သူ့အော်သံနဲ့တင် လူတွေကထွက်လာပြီး ကူကြမှာ... ဒါပေမဲ့ ကျွန်တော်ဘက်မှာ ဘယ်သူရှိလဲ... ရှို့ကောက သူ့ကိုသွားကယ်တယ် ကျွန်တော်ကရော"

Although the trip was rough (Completed)Where stories live. Discover now