🌺EP (48)🌺ဖွင့်လို့မရသောတံခါး

1K 164 0
                                    

Although the trip was rough

(48)
[ဖွင့်လို့မရသောတံခါး]

မနက်ခင်းကို ရောက်သော်။
ရွှယ်နမ် ကြေးခွံအဖြူလေးကို လက်နှစ်ဖက်ဖြင့် ဖိညှစ်လျက် နိုးလာခဲ့သည်။ အပြင်ဘက်မှာ မနက်အစောကြီးမလို့ နေမထွက်သေးဘဲ အလင်းရောင်မှိန်မှိန်လေးသာ ရှိသည်။

သူတို့အခန်းက အိပ်ခန်းနဲ့ ဧည့်ခန်းကို ပေါင်းထားတာကြောင့် အိပ်ဆောင်က အကျယ်ကြီး ဖြစ်သည်။ ရွှယ်နမ် အိပ်ယာကထပြီး အပြင်ထွက်လာသောအခါ ဧည့်ခန်းမှာ ရှင်းလန်ရှို့က စွမ်းအင်ကျင့်ကြံနေ၏။

ရွှယ်နမ် ရှင်းလန်ရှို့ကို မနှောက်ယှက်ချင်ပေ။ သူ ကြေးခွံကို သိမ်းလိုက်ပြီး တိတ်တိတ်ကလေး အပြင်ထွက်ဖို့အလုပ်။

"အားနမ်...."

ရွှယ်နမ် တံခါးမဖွင့်နိုင်တော့ဘဲ အနောက်ကိုအမြန် လှည့်ကြည့်လိုက်သည်။ 

"ရှို့ကော...."

ရှင်းလန်ရှို့ ဒီနေ့မှာမှ ထူးထူးခြားခြား တစ်ကိုယ်လုံးကို အပြာရောင်တွေ ဆင်ထား၏။ ဝတ်ရုံစတွေက သူလျှောက်လိုက်တိုင်း လွင့်မျောနေရာ အရပ်ရှည်ရှည် ရုပ်ရည်သန့်သန့်နဲ့ အလွန်လိုက်ဖက်လှသည်။

"အခုနိုးလာတာကို ကိုယ့်ကိုအရင်မနှုတ်ဆက်ဘဲ ထွက်သွားမလို့လား?"

"ကျွန်တော် ရှို့ကောကို မနှောက်ယှက်ချင်လို့ပါ...."

"အားနမ် အဆင်ပြေရဲ့လား?"

ရွှယ်နမ်ရဲ့ပါးတို့သည် ရှင်းလန်ရှို့ရဲ့ လက်ဝါးတွေထဲ နစ်မြုပ်သွားသည်။ ရွှယ်နမ် ညတုန်းက ငိုရင်းနဲ့ အိပ်ပျော်သွားတာကြောင့် နိုးလာတော့ မျက်ခွံတွေက မို့နေ၏။

"ကျွန်တော် အဆင်ပြေပါတယ်"

"မင်းမျက်လုံးတွေ မို့နေတယ်"

"ဟမ်!"

ရွှယ်နမ် ထိတ်လန့်သွားသည်။ သူ သူ့မျက်လုံးတွေကို ပျာပျာသလဲ ဖုံးကာရင်း အမြန်ကုသလိုက်သည်။ ပြီးမှ ရှင်းလန်ရှို့ကို ပြန်ကြည့်လိုက်ကာ။

"ကျွန်တော် အရမ်းရုပ်ဆိုးသွားလားဟင်? ချစ်ဖို့မကောင်းတော့ဘူးလား?"

Although the trip was rough (Completed)Where stories live. Discover now