🌺EP (60)🌺ဝတ်ရုံဖြူနှင့် သခင်၃

1K 153 4
                                    

Although the trip was rough

🌺(60)🌺
[ဝတ်ရုံဖြူနှင့် သခင်၃]

စိတ်ငြိမ်ခြင်းခြံဝန်းထဲတွင် ပထမဆုံး တိုက်ခဲ့ကြသော ရွှယ်နမ်နဲ့ တပည့်ကြီးတို့၏ တိုက်ပွဲသည် ငြိမ်သက်သွားကာ ဝတ်ရုံဖြူလူနဲ့ ဆေးဆိုင်ပိုင်ရှင် ဆေးဆရာတို့ကသာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတော့သည်။

လူတွေကလည်း ရုတ်တရက် ပေါ်လာတဲ့ ဝတ်ရုံဖြူက မော့ထန်းအိမ်တော်က ဆေးဆိုင်ပိုင်ရှင်အား အသေအကြေ တိုက်ခိုက်နေတာကို တအံ့တသြနဲ့ ကြည့်နေကြသည်။ အကြောင်းမူကား တစ်ဖက်လူသည် ဆေးဆရာကြီးအား အပိုင်းပိုင်း ခုတ်ပစ်တော့မလိုပဲ အရမ်းကြမ်းတမ်းနေ၏။

'ဝုန်း....'

တိုက်ကွက်ပေါင်းမနည်း ဖလှယ်ခဲ့ပြီးနောက်မှာ ဆေးဆိုင်ပိုင်ရှင်သည် ကောင်းကင်မှ အရှိန်ပြင်းပြင်း ပြုတ်ကျလာသည်။ မြေကြီးများ အက်ကွဲကုန်ကာ ကောင်းကင်မှ ကျလာသော ရေခဲငွေ့တွေနဲ့ ဓားသည် ဆေးဆိုင်ပိုင်ရှင်၏ ရင်ဘတ်ထဲ စိုက်ဝင်သွားသည်။

'ဖူး......'

"သူဌေး......."

"သူဌေး....."

သူ့နောက်လိုက် ငယ်သားများသည် ဆေးဆိုင်ပိုင်ရှင်ကြီး သူတို့ရှေ့မှာ အသတ်ခံလိုက်ရတာ တွေ့သောအခါ အလွန်တုန်လှုပ်သွားကြသည်။ သူတို့ရဲ့သူဌေးက ဧကရာဇ်အဆင့်လေ။ သူတို့အခုပဲ အရမ်းကောင်းတဲ့ ယှဥ်ပြိုင်တိုက်ခိုက်မှုကို တွေ့ခဲ့ရတာ။

သူဌေးက ဒီလောက်နဲ့ သေသွားရောလား။ ထိုအချိန်တွင် ဆေးဆိုင်ပိုင်ရှင်သည် သူ့ရင်ဘတ်ကဓားကို ဆွဲထုတ်ပစ်သည်။ ဓားက မျက်နှာမမြင်ရတဲ့ ဝတ်ရုံဖြူဆီ ပြန်ရောက်သွား၏။

ဆေးဆိုင်ပိုင်ရှင် ဆေးဆရာကြီး - "မင်းဘယ်သူပဲဖြစ်ဖြစ် မင်းအခုငါ့ကို သတ်လိုက်တဲ့အတွက် မော့ထန်းအိမ်တော်က မင်းကိုလွှတ်ပေးမှာ မဟုတ်ဘူး"

"ဟက်!!"

ဝတ်ရုံဖြူဆီက ရယ်သံ ထွက်လာသည်။ သူ့ရယ်သံက မော့ထန်းအိမ်တော်ဆိုတဲ့ စကားကို ကြားပြီးနောက် ရယ်လိုက်တာ ဖြစ်တဲ့အတွက် မော့ထန်းအိမ်တော်ကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုးပဲမို့ ဆေးဆိုင်ပိုင်ရှင်လည်း မျက်နှာပျက်သွားတော့၏။

Although the trip was rough (Completed)Where stories live. Discover now