🌺EP (10)🌺အစီအရင်စက်ကွင်း

1.3K 218 1
                                    

Although the trip was rough

🌺(10)🌺
[အစီအရင်စက်ကွင်း]

ရွှေရောင်စွမ်းအင်တွေက အိမ်ခြံဝန်းတစ်ခုလုံးကို ဖြာထွက်သွားပြီး အိမ်ရှေ့ကွင်းပြင်ပေါ်တွင် ရွှေရောင် အစီအရင်စက်ကွင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ရွှယ်နမ်နဲ့ အော့ရွှမ် သူတို့ကို တစ်ခုပြီးတစ်ခု အံ့သြနေစေသော ရှင်းလန်ရှို့ကို မျက်လုံးပြူးကာ ကြည့်နေလိုက်သည်။ အစီအရင် စက်ကွင်းဆိုတာ ထိပ်တန်းအဆင့် ကျင့်ကြံသူတွေတောင် လုပ်နိုင်တဲ့ အရာမဟုတ်ဘူး။

ရှင်းလန်ရှို့က ကျင့်ကြံထားသမျှကို ဖျက်စီးခံလိုက်ရသော်လည်း အစီအရင်တစ်ခုကိုတော့ လက်တစ်ဖက်ကို မြေကြီးမှာတင်လိုက်ရုံဖြင့် ရေးဆွဲနိုင်သည်။

အော့ရွှမ် ရွှယ်နမ်ကိုဆွဲကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"သူက နတ်ဘုရားအဆင့်ကနေ ပြုတ်ကျလာတာဖြစ်မယ်..."

ရှင်းလန်ရှို့က ကျင့်ကြံမှုတွေ ဖျက်စီးခံလိုက်ရတာ သိပေမယ့် နတ်ဘုရားအဆင့်အထိ ကျင့်ကြံခဲ့ဖူးလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ ရွှယ်နမ် အံ့သြဝမ်းသာမှုတို့ဖြင့် ရှင်းလန်ရှို့ကို ကြည့်နေသည်။

ရှင်းလန်ရှို့သည် အစီအရင်စက်ကွင်းကို ဖိလျက် မျက်ဝန်းတို့ကို ပိတ်ဆို့ထားသည်။ ရှင်းလန်ရှို့ ထုတ်သုံးလိုက်တဲ့ စွမ်းအားကို မြင်သောအခါ အားစန်းနဲ့ သူ့အဖေသည် ရှင်းလန်ရှို့တို့အား ပို၍ ယုံကြည်ကိုးစားလာကြသည်။

အားစန်းက အော့ရွှမ်တို့နားကို ပြေးလာပြီး။

"သခင်လေး.... အဲဒါဘာလဲဟင်?"

အော့ရွှမ် - "အဲဒါဝိညာဥ်ဆင့်ခေါ်တဲ့ အစီအရင်လို့ခေါ်တယ် တကယ်လို့သာ အားလွေ့ဝိညာဥ်က ဒီအိမ်ထဲကနေ လုံးဝ ထွက်မသွားခဲ့ဘူးဆိုရင် သူဆင့်ခေါ်နိုင်လိမ့်မယ်...."

"တကယ်လား....."

အစီအရင် စက်ကွင်းက ရှုပ်ထွေးသော ရေးဆွဲချက်များဖြင့် မြေကြီးပေါ်ရှိ တစ်နေရာတည်းတွင်သာ လည်ပတ်နေသည်။ ရွှေရောင်စက်ဝန်းထဲကနေ အလင်းမှုန်တွေ ထွက်ပေါ်လာ၏။ သူတို့အားလုံး သေချာစိုက်ကြည့်နေတုန်းမှာပဲ စက်ဝန်းအလယ်တွင် အားလွေ့ရဲ့ ဝိညာဥ်က ပေါ်လာခဲ့သည်။

Although the trip was rough (Completed)Where stories live. Discover now