🌺EP (43)🌺သူမ လူမှားချစ်မိတာ မဟုတ်ဘူး

1.1K 168 0
                                    

Although the trip was rough

(43)
[သူမက လူမှားချစ်မိတာ မဟုတ်ဘူး]

အိမ်တော်ထိန်းမော့သည် မုန့်ပွဲနှင့် လက်ဖက်ရည်ဝိုင်းကို ပြင်ဆင်လျက် အသင့်စောင့်ဆိုင်းနေသည်။ ရှင်းလန်ရှို့တို့ ရောက်လာသောအခါ သူက မတ်တတ်ထရပ်၍ ပြုံးပြလေ၏။

"သခင်လေးတို့ ရောက်လာပြီလား?"

ရှင်းလန်ရှို့က ခေါင်းအသာညိတ်လျက် နေရာဝင်ယူလိုက်သည်။ အိမ်တော်ထိန်းမော့က ရွှယ်နမ်ကို တစ်ချက်ကြည့်၏။ ရွှယ်နမ်သည် တကယ်ကိုအားနည်းတဲ့ ကောင်လေးတစ်ယောက်လိုပဲမို့ အိမ်တော်ထိန်းမော့လည်း သိပ်ပြီး သံသယမဝင်တော့ပေ။

သူက စာရွက်တစ်ရွက်ထုတ်၍ ရှင်းလန်ရှို့ကို ပေးလိုက်သည်။

"ဒါက အိမ်ခြံခြေစာချုပ်ပါ... သခင်လေး လက်မှတ်ထိုးပြီးရင် ငွေချေလို့ရပါပြီ"

ရှင်းလန်ရှို့ စာချုပ်ထဲက အချက်များကို သေချာဖတ်ရင်း ပြန်မေး၏။

"ဘယ်လောက်လဲ?"

"ရွှေစတစ်သောင်းပါ!"

"ဘာ!"

ရွှယ်နမ်သည် မြေကွက်ဈေးကို ကြားကြားချင်း အံ့ဩသွားကာ ရုတ်တရက် ထအော်မိသွားသည်။ သူအော်ပြီးတဲ့နောက် နောက်ပြန်ဆုတ်လို့ မရတော့ပေ။ သူက ကျန်းမာရေး မကောင်းတဲ့လူလို ဟန်ဆောင်ထားရမှာလေ။

ဒါပေမဲ့ အိမ်တော်ထိန်းက စိတ်မခုလေဘူး။ သူက ကောင်လေးသည် ငွေကြေးကို နှမျောတတ်သူမှန်း ခန့်မှန်းထားလေသည်။ ထို့ကြောင့် သူကအပြုံးနဲ့ပြောလိုက်သည်။

"မလန့်ပါနဲ့ သခင်လေး....ဒါက ဒီနယ်မြေရဲ့ မြေဈေးပါ"

"ကျွန်တော် ရွှေစ၅၀၀၀ပဲ ပေးနိုင်မယ်"

ရှင်းလန်ရှို့ ဖြတ်ပြောလိုက်သောအခါ အိမ်တော်ထိန်းရော ရွှယ်နမ်ရော ထိုကိုလူချောကို ကြည့်လိုက်ကြသည်။ ရွှယ်နမ်ကတော့ နေရာမှာ ဖြည်းဖြည်းချင်းသာ ပြန်ထိုင်၏။ အိမ်တော်ထိန်းသည် ရှင်းလန်ရှို့က ဈေးကိုထက်ဝက်တောင် လျှော့ချပစ်တာကြောင့် မျက်မှောင်ကျုံ့နေ၏။

"သခင်လေးဒါက....."

ရှင်းလန်ရှို့က စာချုပ်ကိုပြန်ချထားသည်။

Although the trip was rough (Completed)Where stories live. Discover now